Translate

Wednesday, July 24, 2013

မြောင်းမြမြို့ နဲ့ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း


  ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း သွန်းမယ်လို့ အင်္ဂါနေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၄ မှာ ကြော်ငြာထားပါတယ်။
တယောက်ကို အများဆုံး ကျပ်သုံးသောင်းအထိ လှူဒါန်းနိုင်တယ် လို့ ဆိုပါတယ်။
အလှူရှင်စာရင်းကို မြန်မာ့အလင်း/ကြေးမုံမှာ လစဉ် ကြော်ငြာထည့်သွင်းပါမယ် တဲ့။

ခန့်မှန်းကုန်ကျငွေ - ကုဋေ ၇၀၀ (ကျပ်သိန်းပေါင်း ၇၀,၀၀၀)
အလေးချိန် - ပိဿာ နှစ်သိန်းကျော် 

ကြေးပိဿာ နှစ်သိန်းကျော်  အလေးချိန် ရှိတယ် ဆိုတော့ မင်းကွန်းခေါင်းလောင်းကြီးထက် ၄ ဆ အလေးချိန်ပိုမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝဝ ကတည်းက ပုဇွန်တောင်ချောင်းထဲ ကျသွားတဲ့၊
ကြေးပိဿာ တသိန်းရှစ်သောင်း ရှိတဲ့ ဓမ္မစေတီ ခေါင်းလောင်းကြီးထက်လည်း ပိုပြီး ကြီးမားမယ်လို့ ယူဆရပါတယ်။ 

ခေါင်းလောင်းကြီးကို မြောင်းမြမြို့ မြတိဂုံ စေတီ ရင်ပြင်မှာ ပူဇော်မယ်လို့ ဆိုပါတယ်။

ခေါင်းလောင်းတော်ကြီးဖြစ်မြောက်ရေးအဖွဲ့

၀၉ ၅၄၇ ၇၇၂၂
၀၉ ၅၄၀ ၅၃၃၃
၀၉ ၅၄၆ ၆၅၅၅

ငွေစာရင်းအမှတ် SY 11
မြန်မာ့မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ မြောင်းမြဘဏ်ခွဲ


ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးသတင်းနဲ့ တဆက်တည်း ပြောရမယ် ဆိုရင် ...

ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်ကို မွန်ပြည်နယ်၊ မုဒုံမြို့၊ လက်တက်ကျေးရွာမှာတည်ဆောက်နေတာ ၇၅ ရာခိုင်နှုန်း ပြီးနေပြီ လို့
ဒီကနေ့ထုတ် ရန်ကုန်တိုင်းမ် သတင်းစာ စာမျက်နှာ ၁၇ မှာ ဖော်ပြထားပါတယ်။

မုဒုံမြို့မှာပဲ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ရုပ်ပွားတော်ကို ဖူးနိုင်ပါတယ်။

အဲဒီရုပ်ပွားတော်ကြီးအနီးမှာပဲ ကမ္ဘာ့အကြီးဆုံး ရှင်ဥပဂုတ္တ ရုပ်ထုတော်ကြီးကို ထုလုပ် ပူဇော်ထားပါတယ်။


ဆက်စပ် -



http://blog.irrawaddy.org/2012/03/blog-post_2184.html

Thursday, December 20, 2012

စီမံကိန်းကြီးများနဲ့ မစည်ပင်နိုင်တဲ့ ကျွန်တော်တို့နိုင်ငံ


ကျွန်တော်တို့နိုင်ငံလောက် နိုင်ငံအကျိုးပြု စီမံကိန်းတွေများပြီး နိုင်ငံက မွဲပြာကျနေတဲ့နိုင်ငံမျိုး ကမ္ဘာမှာ ရှိမယ်မထင်ပါဘူး…. စီမံကိန်းကြီး တစ်ခုအကြောင်း သတင်းတွေမှာ ပါလာလို့ ကြည့်လိုက်ရင် မစားရ၀ခမန်း ကိန်းဂဏန်းတွေနဲ့ ခုချက်ခြင်း သူဌေးမဖြစ်ရုံတမယ်တွေ ရေးသားနေကြပေမယ့် စီမံကိန်းရဲ့ ဘေးထွက်ဆိုးကျိုးများ မပါရှိသလို၊ စီမံကိန်းပြီးဆုံးချိန်မှာ အကျိုးရှိရှိ တိုင်းသူပြည်သားတွေပါ ပါဝင်လာအောင် လမ်းပြပေးမယ့် မီဒီယာတွေ အားနည်းနေပါတယ်….. ထို့အတူပဲ စီမံကိန်းအများစုဟာ သက်ဆိုင်ရာ တာဝန်ရှိသူနဲ့ ရင်းနှီးမြှုပ်နှံသူ နှစ်ဦးသဘောတူသာ လုပ်သွားကြပြီး ဒေသခံတွေဘက်ကို လှည့်မကြည့်တာတွေကြောင့် မလိုလားအပ်ပဲ ဆန္ဒပြနေတာလည်း အများကြီးပဲ ဖြစ်ပါတယ်….
ထားဝယ်ရေနက်စီမံကိန်းကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်သွားမှာ မှန်ပါတယ်…. ဒါပေမယ့် ဒီစီမံကိန်းကြီး ဖြစ်မြောက်ဖို့အတွက် မြေဧကပေါင်း မြောက်များစွာ လိုပါတယ်…. အဆိုပါ မြေဧကတွေကို ဒေသခံတွေစီက တန်ရာတန်ကြေး ပေးဝယ်တာ မှန်ပေမယ့် သူတို့ကိုလည်း ထိုက်သင့်တဲ့ အသိပညာတွေကို စဉ်ဆက်မပြတ် ပေးနေဖို့လိုပါတယ်….. ဘာကြောင့်လဲဆိုတော့ မြေတွေရောင်းလိုက်လို့ နင့်နေအောင် ရပေမယ့် ဒီပိုက်ဆံတွေဟာ ရည်ရှည်တည်တံ့မှာ မဟုတ်တဲ့အကြောင်းနဲ့ အခြားသော စီးပွားရေးလုပ်ငန်းများမှာ ဆက်လက်ရင်းနှီးဖို့ အသိပညာတွေ ဖြန့်ဖြူးပေးရမှာ ဖြစ်ပါတယ်…. နောက်မို့ဆိုရင်တော့ ဒီပိုက်ဆံတွေ ကုန်အောင် ဖြုန်းပီးတဲ့အချိန်မှာ အခြားအခြားသော မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်လို့ပါပဲ…. အဆိုပါ မြေရောင်းချငွေများနဲ့ အခြားနေရာမှာ မြေဧကများစွာအပြင် ခောတ်မှီနည်းစနစ်များနဲ့ စိုက်ပျိုးဖို့ အသိပညာပေးရမှာ ဖြစ်ပါတယ်....
နောက်တစ်ခုကတော့ အဆိုပါစီမံကိန်းတွေ ပြုလုပ်လိုက်လို့ အသုံးပြုလိုက်တဲ့ မြေကွက်တွေဟာ စိုက်ပျိုးမြေတွေ ဖြစ်နေတဲ့အတွက် ပုံမှန်ထွက်ရှိနေမယ့် အသီးအနှံများဟာ နောင်နှစ်ပေါင်းများစွာ မထွက်ရှိနိုင်တာကို အချိန်မှီဖြည့်ဆည်းနိုင်ဖို့အတွက်ပါ တဆက်တည်း စဉ်းစားရမှာ ဖြစ်ပါတယ်…. ထို့အတူ တစ်နိုင်ငံလုံး အတိုင်းအတာအရ အဆိုပါ စိုက်ပျိုးမြေများမှ ထွက်ရှိမယ့် သက်ဆိုင်ရာ သီးနှံအထွက်နှုန်း နည်းသွားမှာကိုလည်း ထည့်သွင်းစဉ်းစားပြီး ဖြည့်တင်းရမှာ ဖြစ်ပါတယ်….. ဒါမှသာ စီမံကိန်းကြောင့် ၀င်ငွေရပီး အခြားတစ်ဖက်က ၀င်ငွေလျော့သွားတာမျိုး မဖြစ်အောင် ကြံဆောင်နိုင်မှာ ဖြစ်ပါတယ်…. နို့မို့ဆိုရင်ဖြင့် ပလိုင်းပေါက်နဲ့ ဖားကောက်သလို ဖြစ်နေပါလိမ့်မယ်…..

ထို့အတူ စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို လူထုအမြင် ကျယ်ပြန့်အောင် အသိပညာတွေ ပေးစေချင်ပါတယ်….. ကိုယ့်အမျိုးသာ၊ အသိတွေသာ တိုးတက်ဖို့ တိုးတိုးတိတ်တိတ် ကြိတ်လုပ်နေလို့ မရပါဘူး….. တကယ် လူ့စွမ်းအား အရင်းအမြစ်တွေ လိုလာချိန်မှာ မလောက်ငှမှုနဲ့ တွေ့လာနိုင်ပါတယ်…. ပင်လယ်ရေဟာ လူတိုင်းသောက်လို့ မကုန်ပါဘူး…. သို့ဖြစ်သည့်အတွက် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် လိုအပ်လာမယ့် ကျွမ်းကျင်လုပ်သားများ အဆင်သင့်ရှိနေဖို့ စီမံကိန်းနဲ့အတူ အမှီလိုက်နိုင်ပါမှ ဖြစ်မှာ ဖြစ်ပါတယ်…. နောက်မို့ဆိုရင်ဖြင့် ကားရှိပီး မမောင်းတတ်လို့ အခုမှ အမောင်းသင်နေသလို အကျိုးမရှိ ဖြစ်နေမှာပါ…. စီမံကိန်းကို အကျိုးရှိရှိ လည်ပါတ်နိုင်စေဖို့ ကျွမ်းကျင်လုပ်သားများအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ရမှာ ဖြစ်ပါတယ်…. အဆိုပါကိစ္စမျိုးဟာ မီဒီယာများရဲ့ ပြည်သူအပေါ်ထားရှိတဲ့ စေတနာနဲ့လည်း သက်ဆိုင်ပါတယ်….

မီဒီယာများမှ အသိပညာပေးခြင်းဖြင့် ခောတ်လူငယ် လူရွယ်များကို ဘဝ
အထူးသဖြင့် ရေနက်ဆိပ်ကမ်းတွေ အဓိကထား တည်ဆောက်လာမှာ ဖြစ်တဲ့အတွက် ကူးသန်းရောင်းဝယ်ရေး၊ ကုန်စည်စီးဆင်းမှုတွေနဲ့ ပါတ်သက်တဲ့ Logistics လို့ခေါ်တဲ့ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းကျွမ်းကျင်သူတွေ နေရာရလာမှာ ဖြစ်ပါတယ်…. နိုင်ငံတကာမှာလည်း အဆက်အသွယ်ကောင်း၊ အချိတ်အဆက်ကောင်းကောင်း ရှိရုံနှင့် သင်္ဘောလိုင်းများနဲ့ ညှိနှိုင်းပီး လုပ်ကိုင်နေတဲ့ Logistics ကုမ္ပဏီတွေ အများကြီးရှိပါတယ်…. Logistics ကို အများနားလည်အောင် ပြောရမယ်ဆိုရင်တော့ ထောက်ပံ့ပို့ဆောင်ရေးပဲ ဖြစ်ပါတယ်… ကမ္ဘာစစ်တွေ ဖြစ်တုန်းက လိုအပ်တဲ့ ပစ္စည်းတွေ တစ်နေ့မှ တစ်နေရာကို စနစ်တကျ သယ်ယူပို့ဆောင်ခြင်းကနေ အစပြုလာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်….. တစ်နည်းအားဖြင့် ကမ္ဘာစစ်များကြောင့် စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာတယ်ဆိုလည်း မမှားပါဘူး……



တစ်နေရာမှ တစ်နေရာကို ကုန်ပစ္စည်းတစ်ခုကို ချောချောမွေ့မွေ့ ရောက်ရှိအောင် ပို့ဆောင်နိုင်တာကို Logistics လို့ခေါ်ပါတယ်…. အဆိုပါ ပို့ဆောင်ရာမှာ Sea Freight, Air Freight, Land Freight အစရှိသဖြင့် ပို့ဆောင်လို့ရသမျှ နည်းလမ်းများနဲ့ ပို့ဆောင်ပါတယ်…. ထိုသို့ပို့ဆောင်ရာမှာ လိုအပ်တဲ့ ကုန်ပစ္စည်း သတ်မှတ်နေရာကို ချောချောမွေ့မွေ့ ရောက်ရှိစေဖို့ အစစ အရာရာကို Logistician တွေက တာဝန်ယူရပါတယ်… ပို့ဆောင်ပေးမယ့် သင်္ဘောလိုင်း၊ ကြားခံ Transist၊ နိုင်ငံတကာ စည်းမျဉ်းဥပဒေ၊ သက်ဆိုင်ရာနိုင်ငံရဲ့ စည်းမျဉ်းဥပဒေ၊ ကုန်ပစ္စည်းအာမခံ အစရှိတာတွေပါ ပါဝင်လာပါတယ်…. ထိုသို့ ပို့ဆောင်ရုံတင်မဟုတ်ပဲ လိုအပ်သည့် ပစ္စည်းများကို လိုအပ်သည့်နေရာကို ပို့ဆောင်ပေးရာမှာ ကိုယ်တိုင်ဝယ်ယူဖြည့်တင်းရေးဆိုတဲ့ Procurement လည်းပူးတွဲ ပါဝင်လာပါတယ်….


ဝယ်ယူဖြင့်တင်းရာမှာ သိုလှောင်မှုပါ ပါလာတဲ့အတွက် Store တို့ Warehouse တို့ဆိုတာတွေ လိုအပ်လာပီး Warehouse Management ပညာရပ်ကျွမ်းကျင်သူများ အစရှိသဖြင့် ခေါ်ယူကြပါတယ်…. ထိုသို့ Warehouse Management, Procurement & Logistics လုပ်ငန်းများကို ကိုယ်တိုင် ကိုယ်ကျ သယ်ယူပို့ဆောင်နေတာ မဟုတ်ပါဘူး…. ထိုင်ရာကမထ ကွန်ပျူတာ၊ အင်တာနက်၊ အီးမေးလ်ကွန်ယက်များမှ တစ်ဆင့် လုပ်ဆောင်သွားကြတာ ဖြစ်တဲ့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ အင်တာနက်မြန်ဆန်မှု၊ သုံးစွဲရ ဈေးနှုန်းသက်သာမှုတို့အပြင်၊ လျှပ်စစ်မီးလည်း အမြဲမှန်နေဖို့ လိုအပ်မှာဖြစ်ပါတယ်….



မြန်မာရဟန်းတော်နှင့် မြန်မာနိုင်ငံအရေး

လက်ပံတောင်းတောင်အရေးကို အစိုးရက အင်အားသုံးပြီး ဖြိုခွင်းလိုက်တဲ့အခါမှာ ရဟန်းတော်တချို့ မီးလောင်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရခဲ့ကြတယ်။ ဒါကို မကျေနပ်တဲ့အတွက် ရန်ကုန် မန္တလေးနဲ့ မြင်းခြံမြို့တွေမှာ ရဟန်းတော်များ ဆန္ဒပြကြတယ် ဆိုတဲ့ သတင်းတွေ ဖတ်ပြီး ဒီဆန္ဒပြမှုတွေဟာ ဘယ်အတိုင်းအတာအထိ ပြန့်နှံ့သွားလေမလဲ၊ တစ်နိုင်ငံလုံးအတိုင်းအတာအထိသာ ပြန့်နှံ့လို့သွားခဲ့မယ်ဆိုရင် အကျိုးဆက်က ဘာဖြစ်လေမလဲ။ Forward လား၊ Backward လား။
ဒါတွေကို တွေးပြီး အမိမြန်မာပြည်အတွက် စိတ်မသက်မသာ ဖြစ်နေချိန်မှာ ဒကာတော် ကိုJames Mint တင်ထားတဲ့ “ရဟန်းတော်တွေလဲ နိုင်ငံရေးလုပ်ခွင့်၊ ဆန္ဒပြခွင် ရှိပါတယ်….ဒါပေမဲ့” ဆိုတာလေး ဖတ်လိုက်ရတော့ ဘုန်းကြီးတစ်ပါးအနေနဲ့ ၀င်ဆွေးနွေးချင်လာပါတယ်။
ရဟန်းတော်တွေ နိုင်ငံရေးလုပ်တာတို့ ဆန္ဒပြတာတို့နဲ့ ပတ်သက်လာရင် အများစု ပေးနေကြတဲ့ အကြောင်းပြချက်တစ်ခုက- “ဒကာ ဒကာမတွေ ဒုက္ခရောက်နေကြရတာကို မကြည့်ရက်လို့” ဆိုတာပါဘဲ။ ဒီအကြောင်းပြချက်ဟာ မြတ်ဗုဒ္ဓရဲ့ တရားတော်နဲ့ ကိုက်ညီမှု ရှိပါရဲ့လား။ မြတ်ဗုဒ္ဓတရားတော်ရဲ့ ဦးတည်ချက်က ဘာပါလဲ။ ကိုယ် လိုက်နာနိုင်တာ မလိုက်နာနိုင်တာကို ဘေးဖယ်ထားပြီး မြတ်ဗုဒ္ဓရဲ့ တရားတော်အတိုင်း ဓမ္မာဓိဋ္ဌာန်ကျကျ ရှုမြင်ဖို့တော့ လိုမယ် ထင်ပါတယ်။
မြတ်ဗုဒ္ဓက သံယုတ်ပါဠိတော်၊ ဒါရုက္ခန္ဓောပမသုတ္တန်မှာ ဦးတည်ချက်ကို အဟန့်အတား ဖြစ်စေတဲ့ ပန်းတိုင်ပျောက်သွားစေနိုင်တဲ့ အကြောင်းတရားတွေကို ဂင်္ဂါမြစ်ထဲ မြောနေတဲ့ သစ်တုံကြီးနဲ့ ဥပမာပေးပြီး ဟောကြားခဲ့ဖူးပါတယ်။ အဲဒီသစ်တုံးကြီးကို လူတစ်ယောက်ယောက်က ဆယ်ယူလိုက်မယ်ဆိုရင် သမုဒြာထဲ မရောက်နိုင်တော့သလို ရဟန်းတစ်ပါးဟာ လူတွေနဲ့ ရောပြီး အေးအတူ ပူအမျှ ၀င်ခံစား၊ လူရေးလူရာ ကိစ္စ၀ိစ္စတွေမှာ ၀င်ပါနေမယ်ဆိုရင် (လူအမြင်နဲ့ ကြည့်ရင် ကောင်းသလောက်) ရဟန်းတစ်ပါးအတွက် တရားထူး မရနိုင်ဘူးတဲ့။ ဒါဟာ (မနုဿဂ္ဂါဟ)လူဆယ်တာခံလိုက်ရတာပဲ လို့ ဟောပါတယ်။
မူရင်းဘုရားစကားတော်ရဲ့ ဆဋ္ဌမူ မြန်မာပြန်နဲ့ London P.T.S ရဲ့ အင်္ဂလိပ်ဘာသာပြန်က ဒီလိုပါ။
“ရဟန်း “လူတို့ ဆယ်ယူမှု” ဟူသည် အဘယ်နည်း၊ ရဟန်း ဤသာသနာတော်၌ ရဟန်းသည် လူတို့နှင့် ရောနှောသည် ဖြစ်၍ နေ၏၊ အတူတကွ နှစ်သက်မှု ရှိ၏၊ အတူတကွ စိုးရိမ်မှု ရှိ၏၊ လူတို့ ချမ်းသာသည် ရှိသော် ချမ်းသာ၏၊ လူတို့ ဆင်းရဲသည် ရှိသော် ဆင်းရဲ၏၊ ပြုဖွယ်ကိစ္စတို့ ပေါ်ပေါက်လာကုန်သည် ရှိသော် မိမိသည်ပင် ထိုကိစ္စတို့၌ အားထုတ်ခြင်းသို့ ရောက်၏၊ ရဟန်း ဤသို့ ဖြစ်မှုကို “လူတို့ ဆယ်ယူမှု” ဟု ဆိုအပ်၏။”
“And what, bikkhu, is getting caught by human beings? Here, someone lives in association with laypeople; he rejoices with them and sorrows with them, he is happy when they are happy and sad when they are sad, and he involves himself in their affairs and duties. This is called getting caught by human beings.
ဒါကို ကြည့်ရင် “ ဒကာ ဒကာမတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်လို့” ဆိုတဲ့ အကြောင်းပြချက်က မြတ်ဗုဒ္ဓရဲ့ အာဘော် မဟုတ်ဘူး ဆိုတာ သိနိုင်ပါတယ်။
ဒီနေရာမှာ “အင်တာနက်ကြည့်နေ၊ Facebook သုံးနေတဲ့ အရှင်ဘုရားကော မြတ်ဗုဒ္ဓတရားတော်နဲ့ ကိုက်ညီပါရဲ့လား” လို့ မေးမယ်ဆိုရင် မေးနိုင်ပါတယ်။ “မကိုက်ညီပါဘူး” လို့ပဲ ရိုးရိုးသားသား ဖြေပါ့မယ်။ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးလုံးကို ကျင့်သုံးနိုင်မှသာ မြတ်ဗုဒ္ဓ ဦးတည်သွားစေချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်မှာပါ။ ခုလိုမျိုး Imformation တွေအတွက် အချိန်တစ်ခု ပေးနေတာဟာ တကယ်တော့ သမာဓိပျက်ရာ ပျက်ကြောင်းအလုပ်တွေကို လုပ်နေတာတွေ  ဖြစ်နေလို့ပါ။ ငါတို့နိုင်ငံ ငါတို့လူမျိုး ဆိုတဲ့ ဥပါဒါန် ကို ခွာလို့ မရနိုင်သေးလို့ ကိုယ့်နိုင်ငံနဲ့ ပတ်သက်သမျှ သတင်းအချက်အလက်တွေကို လေ့လာသုံးသပ်နေတာဟာ အထက်က တရားတော်အတိုင်း ပြောရရင် “getting caught by internet and facebook” ဖြစ်နေတာပါ။
မြတ်ဗုဒ္ဓရဲ့တရားတော်အတိုင်း အတိအကျ ပြောရရင် ရဟန်းဘ၀ရဲ့ အန္တိမရည်မှန်းချက်ဆိုတာ သီလ သမာဓိ ပညာ သိက္ခာသုံးပါးကို အပြည့်အ၀ ကျင့်သုံးပြီး ဒုက္ခမှ လွတ်မြောက်စေဖို့ပါဘဲ။  တရားတော်အရ အဲဒီလို ရှိပေမယ့်လဲ ရဟန်းသံဃာတိုင်း သိက္ခာသုံးပါးကို အပြည့်အ၀ ကျင့်သုံးနိုင်တဲ့ အနေအထား ရှိမှာ မဟုတ်ပါဘူး။ ရဟန်းသံဃာဘ၀ ရောက်လာသူတိုင်းဟာ ဗုဒ္ဓလက်ထက်တော်တုန်းက တချို့သော အရှင်မြတ်တွေလို ဗုဒ္ဓတရားနာပြီး လောကကြီးကို ငြီးငွေ့တဲ့အတွက် လောကချမ်းသာအားလုံးကို စွန့်ပြီး ရဟန်းဘ၀ကို ရယူသူတွေ မဟုတ်ကြပါဘူး။ ဒါကို နားလည်ပေးဖို့ လိုမယ် ထင်ပါတယ်။ ရဟန်းတိုင်း အစွမ်းကုန် မလွဲမသွေ ကျင့်သုံးရမှာကတော့ သီလသိက္ခာလို့ ခေါ်တဲ့ ၀ိနည်းစည်းကမ်းတွေ ဖြစ်ပါတယ်။ သမာဓိ ပညာ သိက္ခာနှစ်ရပ်ကို အပြည့်အ၀ မကျင့်နိုင်သေးသည့်တိုင်အောင် သီလသိက္ခာဖြစ်တဲ့ ၀ိနည်းတရားတော်ကို အတော်အတန် လိုက်နာကျင့်သုံးနေတယ် ဆိုရင်ကိုပဲ တော်တော် ကြည်ညိုဖို့ ကောင်းနေပါပြီ။
ရဟန်းတော်တွေ နိုင်ငံရေးလုပ်တာတို့ ဆန္ဒပြတာတို့နဲ့ ပတ်သက်လာရင် အဲဒီရဟန်းတွေရဲ့ ကာယကံ ၀စီကံ အပြုအမူတွေဟာ ဘယ်လောက်အထိ ယဉ်ကျေးမှု ရှိသလဲ။ ၀ိနည်းစည်းကမ်း ဘောင်ထဲမှာလား၊ စည်းကျော် ဘောင်ကျော် ဖြစ်နေကြပြီလား ဆိုတဲ့ ၀ိနည်းပေတန်နဲ့ တိုင်တာရပါမယ်။ ဒီလို တိုင်းတာနိုင်ဖို့အတွက် ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမများအနေနဲ့ ရဟန်းဝိနည်းကို တီးမိခေါက်မိ ရှိထားရပါလိမ့်မယ်။ မြန်မာလို ရေးထားတဲ့ စာအုပ်တွေ ရှိပါတယ်။ ဥပမာ- ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ ရဲ့ ဘုရားဥပဒေတော်ကြီး လို စာအုပ်မျိုး။
လမ်းပေါ်မှာ သင်္ကန်း ဘိုသီ ဘတ်သီ ၀တ်၊ လက်သီးလက်ခမောင်းတန်းပြီး၊ Slogan တွေ ကြွေးကျော်နေတဲ့ ရဟန်းမျိုးကို ကဲ့ရဲ့ ရှုတ်ချထိုက်ပါတယ်။ ဒီလို မဟုတ်ဘဲ ရဟန်းပီသတဲ့ အသွင်အပြင်မျိုးနဲ့ ဆိုရင်တော့ ကိုယ်လက်မခံနိုင်သည့်တိုင်အောင် နားလည်မှု ပေးသင့်တယ်လို့ ထင်ပါတယ်။
နောက်တစ်ခုက ဘုန်းဘုန်းတို့ မြန်မာလူမှုအဆောက်အအုံကြီးမှာ မြတ်ဗုဒ္ဓက “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမှု” ဆိုတဲ့ သံဃာဘက်ကစည်း၊ “မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ကြင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ” ဆိုတဲ့ ဒကာဘက်က စည်းတွေနဲ့ ဘယ်လိုပဲ ခြားထားခြားထား၊ အဲဒီ စည်းတွေကို ကျော်ပြီး သံဃာနဲ့ ဒါယကာဆက်ဆံရေးကို သံယောဇဉ်ကြိုးတွေနဲ့ ချည်နှောင်ထားကြတယ် ဆိုတာကိုလည်း မမေ့သင့်ပါဘူး။
ဘုန်းဘုန်းအပါအ၀င် မြန်မာရဟန်းသံဃာအများစုကို ကြည့်ရင် ရဟန်းသံဃာဘ၀သာ ရောက်နေတာ၊ ငါတို့ နိုင်ငံ ငါတို့ လူမျိုးဆိုတဲ့ (တရားတော်အတိုင်းဆိုရင်) အစွဲတွေက အတုံးလိုက် အတစ်လိုက်ကို ရှိနေတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံနဲ့ ပတ်သက်လာရင် အမှုမဲ့ အမှတ်မဲ့ နေလိုက်ဖို့ တော်တော် ခက်ပါတယ်။ ကာယကံမမြောက်သည့်တိုင် မနောကံကတော့ မြောက်မြောက်သွားတတ်တာချည်းပါပဲ။
ဒါကြောင့် ရဟန်းသံဃာတော်တွေ နိုင်ငံရေးနယ်ပယ်ထဲကို ကာယကံမြောက် ၀င်ပါလာတာကို သိပ်ပြီး မဝေဖန်ချင်ဘူး။ ဝေဖန်ချင်တာက အဲဒီရဟန်းသံဃာတွေမှာ ကိုယ်ကျင့်သီလ Frame က ဘယ်လောက် ခိုင်မာပြီလဲ။ ပိဋကတ်စာပေတွေကိုရော ဘယ်လောက် လေ့လာသင်ကြားထားပြီလဲ၊ တခြား ဘာသန္တရနဲ့ ဒေသန္တရ အသိပညာတွေကော ဘယ်လောက် ဆည်းပူးမိပြီလဲ။ အတွေးအခေါ် အမြော်အမြင်ကရော ဘယ်လောက်တောင် ရှိနေပြီလဲ ဆိုတာတွေနဲ့ပဲ ဝေဖန်ဆန်းစစ်ချင်ပါတယ်။ ဒါတွေရှိနေပြီဆိုရင် သေချာပေါက် ပြောနိုင်တာက အဲဒီ ရဟန်းဟာ ရုပ်သေးရုပ် နိုင်ငံရေး ဘုန်းကြီး လုံးဝ မဟုတ်ဘူး ဆိုတာပါဘဲ။  


credit to            Maha Thumana

Wednesday, November 21, 2012

တရားဦး ဓမ္မစင်္ကြာ ( Buddha's Ftrst Sermons )

ဓမ္မစက္ကပ္ပ၀တ္တနသုတ္တန် ခေါ်  ဓမ္မစကြာ သုတ်  နှင့်  အနတ္တလက္ခဏါသုတ်  တော်သည်  ဘုရားရှင်၏  တရားဦးဒေသနာတော် ဖြစ်ပါသည်။

ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည်  ဗုဒ္ဓမြတ်စွာ၏  တရားဦးဒေသနာ  ( BUDDHA'S   FIRST   SERMONS   ကို  ခရစ်တော်  မပေါ်မီ  544  နှစ်  ( BC 544 )  တွင်  ဟောတော်မူခဲ့ပါသည်။ 

        ဘုရားအလောင်းတော်  သိဒ္ဓတ္ထမင်းသားသည်  အနော်မာသောင်ကမ်း၌  ဆံတော်ကိုပယ်ကာ  တောသို့ဝင်ပြီး  အာဠာရ နှင့် ဥဒက ရသေ့ကြီး နှစ်ပါးထံနည်းခံ၍  တရားကျင့်ရာ  လောကီဈာန်သမာပတ်များကို  သာရ၍ အမတ နိဗ္ဗာန် တရားမှန်ကို မရသဖြင့် ထိုအရပ်မှ ဖဲခွာခဲ့ လေသည်။ 

        ဥရုဝေလတော  နေရဉ္စနာမြစ်ကမ်းပါးတွင် ပဉ္စ၀ဂ္ဂီ ငါးဦးတို့၏ လုပ်ကျွေးပြုစုမှုကို ခံယူ၍ ဒုက္ကစရိယာခြောက်နှစ်ကြာအောင် ကျင့်ပါသော်လည်း အမတ နိဗ္ဗာန် တရားမှန်ကို မရသဖြင့် ပြင်းထန်သော အကျင့်ကို စွန့်ပယ်၍ တရားလမ်းကြောင်းပြောင်းရန်  အစာရေစာများ  ပြန်လည်မှီဝဲသဖြင့်  ပဉ္စ၀ဂ္ဂီငါးဦးတို့က တရားထူး ရတော့မှာမဟုတ်ဟု  အထင်လွဲကာ ဖဲခွာထွက်သွားကြလေတော့သည်။

       အလောင်းတော်သည်  ပြင်းထန်လွန်းသော  နှစ်ဖက်စွန်း ကျင့်စဉ်ကိုပယ်၍ အလယ်အလတ် မဇ္ဖျိမပဋိပဒါ သမထ ဘာဝနာကျင့်စဉ်ဖြင့်  မဟာသက္ကရာဇ်  ၁၀၃ ခု ကဆုန်လပြည့်နေ့တွင်  ဗောဓိပင်နှင့် ရွှေပလ္လင် ပေါ်၌  သဗ္ဗညုတဘုရားရှင် ဖြစ်တော်မူခဲ့ပါသည်။

        ဘုရားဖြစ်လျှင်ဖြစ်ချင်း ပထမဆရာများဖြစ်ခဲ့သော အာဠာရနှင့်  ဥဒကရသေ့နှစ်ပါးထံ ကျေးဇူးဆပ်တရားဟောရန် ဆင်ခြင်ရာ စုတေကုန်ကြပြီဖြစ်၍  ဥရုဝေလတောတွင် အနီးကပ်အလုပ်အကျွေးပြုစုခဲ့သော ပဥ္ဒ၀ဂ္ဂီငါးဦးတို့ရှိရာ မိဂဒါဝုန်တောသို့ကြွ၍ ၀ါဆိုလပြည့်နေ့၌ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်တော်ကို  ဟောတော်မူခဲ့သည် ဖြစ်ပါကြောင်း။
  • ဗုဒ္ဒမြတ်စွာ  တရားဦး   BUDDHA'S  FIRST  SERMONS  ( 544 B.C )
  •  {  ဗုဒ္ဓ  အဖြစ်သို့ ရောက်ခြင်း}
  • အဂ္ဂမဟာပဏ္ဍိတ  ပိဋကတ္တယ ပါရဂူ  သုတဗုဒ္ဒ ဘုရားတစ်ဆူ ပျံ့ကြူကျော်ကြားတော်မူသော  ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး  Ven.LEDI SAYADAW   ( 1846-1923 ){ ပါဠိမှ မြန်မာ ပြန်ဆိုတော်မူခြင်း )
  • ၀ိသုဒ္ဒိမဂ္ဂ  အင်္ဂလိပ် ဘာသာပြန်အတွက် ယိုးဒယားဘုရင်မင်းမြတ်၏ ဆုချီးမြှင့်ခံရသော။  ဆရာကြီး  ဦးဖေမောင်တင်   Dr. PE  MAUNG  TIN   ( 1888 - 1973  )( မြန်မာမှ အင်္ဂလိပ် ပြန်ဆိုတော်မူခြင်း )
ိ       နိဒါန်းမျှဖြစ်ပါသည်   လယ်တီဆရာတော်ဘုရားကြီး ပြန်ဆို၍  ဦးဖေမောင်တင် အင်္ဂလိပ် လိုပြန်ထားသော ဓမ္မစကြသုတ်ကို ဆက်ပါမည်။
http://www.edinooyin.com 

ကိုယ် ချင်း စာ တ ရား

ကိုယ်ချင်းစာတရား ကား အခြားမဟုတ်ပါ   မိမိတို့ ရဟန်းသံဃာများကို  ပူဇော် လှူဒါန်းသည့် အခါတိုင်း ရဟန်းသံဃာတော်များက မိမိတို့ ပြုလုပ်သည့် ကုသိုလ်အမှု   သန့်ရှင်း   ခိုင်မာစေရန်   ပေးအပ်သော  ငါးပါးသီလ  ဆိုသည့် ထိုတရားပင်။
ငါးပါးသီလ  ကို လူအချို့က  သည်လောက်သီလ ကတော့ကွာ  .....  ဒို့က  ၈ပါး  ကိုးပါး   ၁၀ပါး  သီလနဲ့ နေတာပါကွ ဟု ဂုဏ်ယူ ပြောတတ်ကြပါသည်။     တစ်ကယ်တွေးကြည့်တော့  ငါးပါးသီလက  အနည်းဆုံး အခြေခံအကျဆုံး ဖြစ်ပါသည်။   စောင့် ထိန်း ရန် လည်း (  မကျိုး   မပေါက်   မပြောက်  မကျား  အောင် ) ခက်လှသည်။
  1. သူတစ်ပါး၏  အသက်ကို  မသတ်ပါ။( မိမိ အသက် ကိုသတ်လျှင်  ကြိုက်နှစ်သက်ခြင်းမရှိသည့်အတွက်
  2. သူတစ်ပါး ပစ္စည်းကို မခိုးပါ။ ( မိမိ ပစ္စည်းကို ခိုးယူပါက ကြိုက်နှစ်သက်ခြင်း မရှိ ၍။
  3. သူတစ်ပါးသားမယားကို မစော်ကားပါ. ( မိမိ၏ သားမယားကို သူတပါးက ပြစ်မှားသည်ကို မကြိုက်ပါ)
  4. သူတစ်ပါးကိုလိမ်ညာပြောဆိုခြင်းမပြုပါ။ ( မိမိ ကို လိမ်ညာ လှည့်ဖြားလျှင်လည်း မကြိုက် ပါ )
  5. အရက်သေစာ မူးယစ်သောက်စားခြင်း မပြုပါ။ ( အရက်သောက်ပြီးလျှင် မှားတတ်သည် ကြာလျှင် ဦးနှောက်ပျက် ရောဂါရသည် အဆိုးဆုံးက စကားများသည် အနှောက်အယှက်ပေးသည်။ )

္ကဤ ကိစ္စ တွေကို  ကိုယ်တိုင်လည်း မလုပ်လို  မိမိ ကို သူတစ်ပါး လုပ်လျှင်လည်းကြိုက်မည်မဟုတ်၍  ကိုယ်ချင်းစာတရား  ဖြင့် စောင့်ထိန်းသော်   ငါးပါးသီလ  မမြဲစရာ  မရှိတော့ပါပေ။
မျက်မှောက်ခေတ်တွင်   သူတစ်ပါးပစ္စည်းကို မိမိအကျိုးငှာ ခေတ္တယူသုံးလျှင် ခွင့်တောင်းသင့်သည်။ အချို့က တစ်ပါးသူ၏ အသိဥာဏ်ပစ္စည်းကို ( မူပိုင် အခွင့်မယူပဲ ) သုံးတတ်ကြသည်။ ( ie  clone computers; soft ware   etc;   )  သို့ကြောင့် ငါးပါးသီလပင်လျှင် သိလျှင်  စဉ်းစားလျှင်   မလွယ်ကြောင်း ခံစားမိသည်။
The best thrilling is not killing , lets living  (
Posted by အောင်မြင့်ဦး
http://www.edinooyin.com

ဘုရားငါးဆူ ပွင့်တော်မူရာ ဘဒ္ဒဤကမ္ဘာ

ဘုရားငါးဆူ ဂါထာတော်






         “ကကုသန္ဓော,ကောဏာဂမနော,ကဿပေါ,ဂေါတမော မုနိ၊



             မေတ္တေယျော ပဉ္စဗုဒ္ဓေတေ၊သိသေမေ သေန္တုသဗ္ဗဒါ။”



           ဖော်ပြပါ ဂါထာသည် ယခုကျွန်တော်တို့၏ဘဒ္ဒကပ်ကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရားရှင် ၄-ဆူနှင့် 
နောင်ပွင့်ရန်ကျန်သေးသည့် ဘုရားရှင် ၁-ဆူ ပေါင်းဘုရားငါးဆူအား ရှိခိုးပူဇော်သော ဂါထာဖြစ်ပါသည်။
ဤဂါထာကို ယုံကြည်သဒ္ဓါဖြင့် ရွတ်ပွားပူဇော်ပါက လောကီလောကုတ် ၂-ဖြာသောအကျိုးများရရှိခံစားရပါမည်။
စာရှုသူတို့ ယုံကြည်သဒ္ဓါတရားထက်သန်စေရန်အတွက် မြတ်ဘုရားရှင်တို့၏ အကြောင်းအနှစ်ချုပ်ဖော်ပြပါမည်။
  ကျွန်တော်တို့ ကမ္ဘာမတိုင်မီ အတိတ် လွန်ခဲ့ပြီးသော ၃၁-ကမ္ဘာအထက်တွင် သိခီ,ဝေဿဘူ မြတ်စွာဘုရား
၂-ဆူ ပွင့်တော်မူခဲ့သော မဏ္ဍကမ္ဘာဖြစ်ခဲ့၏။သိခီ,ဝေဿဘူ မြတ်စွာဘုရား၂-ဆူ ပွင့်တော်မူရာ မဏ္ဍကမ္ဘာကြီး
ကုန်ဆုံးပျက်စီးသွားပြီးနောက် ဘုရားပွင့်တော်မူခြင်းမှ ဆိတ်သုန်းသော သုညကမ္ဘာပေါင်း(၂၉)ကမ္ဘာဖြစ်ပေါ်ခဲ့
ပြီး အသီးသီးကုန်ဆုံးပျက်စီးသွားပြီးနောက်တွင် ဖြစ်လာသောကမ္ဘာကား(၁)ကကုသန္ဓမြတ်စွာဘုရား၊
(၂)ကောဏာဂမနမြတ်စွာဘုရား၊(၃)ကဿပမြတ်စွာဘုရား၊(၄)ဂေါတမမြတ်စွာဘုရား၊(၅)အရိမေတ္တေယျ
မြတ်စွာဘုရား ဟူသော မြတ်စွာဘုရား ငါးဆူ ပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာပင်ဖြစ်ပါသည်။

(၁)ကကုသန္ဓမြတ်စွာဘုရား







    ဤဘဒ္ဒကမ္ဘာတွင် အန္တရကပ်ပေါင်း ၆၄-ကပ်ရှိရာ(မယာရာဇဝင်ကြီးအလိုအားဖြင့်)၈-ခုမြောက်သောအန္တရ 
ကပ်၌၊(မှန်နန်းရာဇဝင်အလိုအားဖြင့်) ပထမ ၁-ခုမြောက်သောအန္တရကပ်၌ လူတို့၏သက်တမ်းသည် အသင်္ချေ
ယျတမ်းမှ တရွေ့ရွေ့ဆုတ်ယုတ်လာခဲ့ရာ အနှစ်လေးသောင်း(၄၀၀၀၀)တမ်းသို့ရောက်လျှင်ကကုသန်မြတ်စွာ
ဘုရား ပွင့်တော်မူခဲ့၏။ကကုသန်မြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ ရှေးဦးပထမ
ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ အာဇာနည်မြင်း
ကသော ရထားယာဉ်၊ဒုက္ကရစရိယာ အကျင့်မြတ်ကို ၈-လကြာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ
မဟာသိရီသရုက္ခဗောဓိ=ကုက္ကိုပင်ဗောဓိဖြစ်သည်။ကကုသန်မြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်
မှာ အတောင်(၄၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ ၁၀-ယူဇနာအရပ်ထိ ပျံ့နှံ့တော်မူ၏။ 
လူတို့၏သက်တမ်း အနှစ် လေးသောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော်
သုံးသောင်းနှစ်ထောင်(၃၂၀၀၀)ရှိတော်မူသောအခါ ခေမမည်သော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီး
ဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်လောင်ကျွမ်းပြီးသောအခါ တစ်လုံးတစ်ခဲ
တည်းကြွင်းကျန်တည်ရှိသော ဧကဂ္ဃနိက အသမ္ဘိန္နဓာတ်တော်ကို ထိုခေမမည်သော အရာမ်ကြီးအတွင်း၌ 
တစ်ဂါဝုတ်မျှ အမြင့်ပမာဏရှိ ဓာတုစေတီတည်ကာ ဌာပနာသွင်း၍ နတ်လူများစွာ သတ္တဝါတို့သည် မြတ်နိုး
ရိုသေစွာ ကိုးကွယ်ပူဇော်ကြလေကုန်၏။





(၂)ကောဏာဂမနမြတ်စွာဘုရား






   ကကုသန္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ်လေးသောင်းတမ်းမှ
တရွေ့ရွေ့ဆုတ်ယုတ်လာရာ ၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက်  ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ
အသက်အသင်္ချေယျတမ်းသို့ ဆိုက်ရောက်လာပြီး တဖန် ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့ 
၏ အသက်တမ်း အနှစ်သုံးသောင်း(၃၀၀၀၀)တမ်းသို့ရောက်လျှင် ကောဏာဂုံမြတ်စွာဘုရားပွင့်တော်ခဲ့မူ၏။
ဘုရားတစ်ဆူနှင့် တစ်ဆူအကြား မြေကြီးအထု ၁-ယူဇနာတက်၏။(၁-ယူဇနာ= ၁၂-မိုင်ရှိ၏)
                        ကောဏာဂုံမြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ ဒုတိယမြောက်
ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ ဆင်ယာဉ်
ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို ၆-လကြာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ ဥဒမ္ဗရ
ရုက္ခဗောဓိ=ရေသဖန်းပင်ဗောဓိဖြစ်သည်။ကောဏာဂုံမြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်
မှာ အတောင်(၃၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ ၃-ယူဇနာအရပ်ထိ ပျံ့နှံ့တော်မူ၏။ 
လူတို့၏သက်တမ်း အနှစ် လေးသောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော်
နှစ်သောင်းလေးထောင်(၂၄၀၀၀)ရှိတော်မူသောအခါ ပဗ္ဗတမည်သော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန်ဝင်စံချုပ်
ပြီးဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်လောင်ကျွမ်းပြီးသောအခါ ဓာတ်တော်များ
သည် အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ်အမွှာမွှာကွဲပြားသွား၍ နတ်လူဗြဟ္မာ သတ္တဝါတို့သည် ဇဗ္ဗူဒိတ်
ကျွန်းလုံးအနှံ့ ဓာတုစေတီတော်များတည်ကာ ဌာပနာသွင်း၍ မြတ်နိုးရိုသေစွာ ကိုးကွယ်ပူဇော်ကြလေကုန်၏။
(၃)ကဿပမြတ်စွာဘုရား







    ကောဏာဂုံမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ်သုံးးသောင်းတမ်းမှ
တရွေ့ရွေ့ဆုတ်ယုတ်လာရာ ၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက်  ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ
အသက်အသင်္ချေယျတမ်းသို့ ဆိုက်ရောက်လာပြီး တဖန် ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့ 
၏ အသက်တမ်း အနှစ်နှစ်သောင်း(၂၀၀၀၀)တမ်းသို့ရောက်လျှင် ကဿပမြတ်စွာဘုရားပွင့်တော်ခဲ့မူ၏။
ဘုရားတစ်ဆူနှင့် တစ်ဆူအကြား မြေကြီးအထု ၁-ယူဇနာတက်၏။(၁-ယူဇနာ= ၁၂-မိုင်ရှိ၏)
                        ကဿပမြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ တတိယမြောက်
ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ စံနန်းပြာဿဒ်
ယာဉ်ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို ၇-ရက်မျှသာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ နိဂြောဓ
ရုက္ခဗောဓိ=ပညောင်ပင်ဗောဓိဖြစ်သည်။ကဿပမြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်မှာ အတောင်
(၂၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ ၁-ယူဇနာမျှအရပ်ထိ ပျံ့နှံ့တော်မူ၏။ထိုအခါ
လူတို့၏သက်တမ်း အနှစ် နှစ်သောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော်
တစ်သောင်းခြောက်ထောင်(၁၆၀၀၀)ရှိတော်မူသောအခါ ကာသိတိုင်း၊သေတဗျမြို့အနီး သေတဗျမည်သော 
ဥယျာဉ်ကြီးအတွင်း၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်
လောင်ကျွမ်းပြီးသောအခါ တစ်လုံးတစ်ခဲ တည်းကြွင်းကျန်တည်ရှိသော ဧကဂ္ဃနိက အသမ္ဘိန္နဓာတ်တော်ကို
ဇဗ္ဗူဒိတ်သူ ဗိုလ်လူအများသည် တစ်ချပ်တစ်ချပ်လျှင် အဖိုးများစွာထိုက်သော ရတနာဖြင့်ပြီးသော အုတ်တို့ဖြင့်
တစ်ယူဇနာအမြင့်ရှိသော စေတီတော်ကြီးတည်ကာ ဌာပနာသွင်း၍ နတ်လူများစွာ သတ္တဝါတို့သည် မြတ်နိုး
ရိုသေစွာ ကိုးကွယ်ပူဇော်ကြလေကုန်၏။
















(၄)ဂေါတမမြတ်စွာဘုရား







   ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ် နှစ်သောင်းတမ်းမှ
တရွေ့ရွေ့ဆုတ်ယုတ်လာရာ ၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက်  ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ
အသက်အသင်္ချေယျတမ်းသို့ ဆိုက်ရောက်လာပြီး တဖန် ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့ 
၏ အသက်တမ်း အနှစ်တစ်ရာ(၁၀၀)တမ်းသို့ရောက်လျှင် ကျွန်တော်တို့ကိုးကွယ်သော ဂေါတမမြတ်စွာဘုရား
ပွင့်တော်မူခဲ့၏။ဘုရားတစ်ဆူနှင့် တစ်ဆူအကြား မြေကြီးအထု ၁-ယူဇနာခွဲတက်၏။(၁-ယူဇနာ= ၁၂-မိုင်ရှိ၏)
ကျွန်တော်တို့ကိုးကွယ်သော ဂေါတမမြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ စတုတ္ထ
မြောက်ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာကဏ္ဍက 
မည်သောအာဇာနည်မြင်းယာဉ်ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို ၆-နှစ်အထိကျင့်တော်မူ၍ မှီ၍ပွင့်သော 
ဗောဓိပင်မှာ အဿတ္တရုက္ခဗောဓိ=ညောင်ဗုဒ္ဓဟေပင်ဗောဓိဖြစ်သည်။ဂေါတမမြတ်စွာဘုရား၏အရပ်တော်
(ဉာဏ်တော်)အမြင့်မှာ (၁၈)တောင်ဖြစ်သည်။ကိုယ်တော်မှထွက်သောရောင်ခြည်တော်မှာ ယူဇနာလေးထောင်
အရပ်ထိ ပျံ့နှံ့တော်မူ၏။ လူတို့၏သက်တမ်း အနှစ် တစ်ရာတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော 
အသက်တော် အနှစ်(၈၀)ရှိတော်မူသောအခါ ကုသိနာရုံပြည်အနီးမလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ကြီးအတွင်း
၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်လောင်ကျွမ်းပြီးသော
အခါ ဓာတ်တော်များသည် အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ်အမွှာမွှာကြွင်းကျန်ရစ်သောဓာတ်တော်များကို
၇-ပြည်ထောင်မင်းတို့ အညီအမျှ ခွဲဝေယူကြပြီး နောင်သော်ဇဗ္ဗူဒီပါကျွန်းအရပ်ရပ်ပျံ့နှံ့သွားကာ ဇဗ္ဗူဒီပါကျွန်းသူ
လူအများတို့သည် ဓာတုစေတီတော်များတည်ကာ ဌာပနာသွင်း၍ မြတ်နိုးရိုသေစွာ ကိုးကွယ်ပူဇော်ကြ
လေကုန်၏။








   ကျွန်တော်တို့ကိုးကွယ်သော ဂေါတမမြတ်စွာဘုရားသည် ဆုတ်ကပ်ကာလလူတို့၏အသက် တစ်ရာတမ်း၌
ပွင့်တော်မူခဲ့ပြီး ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သဖြင့် သက်တမ်းအတိုဆုံး ဘုရားဖြစ်၏။မြတ်စွာဘုရားရှင်တို့ ပွင့်တော်
မူမြဲဖြစ်တော်မူသော ခေတ်ကာလမှာ သက်တမ်းဆုတ်ယုတ်နေသော ဆုတ်ကပ်(အာယုဟာယနကပ်)ကာလ၌
ပွင့်တော်မူမြဲဖြစ်၏။သက်တမ်းတက်ကပ်(အာယုဝဍ္ဎနကပ်)ကာလ၌ကားပွင့်တော်မမူကြပေ။သက်တမ်းဆုတ်
ယုတ်သောအခါ လူတို့၏အသက် တစ်သိန်းတမ်းနှင့် အသက် တစ်ရာတမ်းအတွင်းသာ ပွင့်တော်မူမြဲဖြစ်၏။
အကြောင်းမူကား သက်တမ်း တစ်သိန်းအထက်၌ လူတို့၏သက်တမ်း လွန်စွာရှည်လျားသောအခါ ဖြစ်၍ မြတ်
စွာဘုရား တရားဟောသော်လည်း အနိစ္စသဘောလက္ခဏာ၊ဒုက္ခသဘောလက္ခဏာ၊အနတ္တသဘောလက္ခဏာ
တို့ကို မမြင်နိုင်ကြလေကုန်။လူတို့၏အသက် တစ်ရာတမ်းအောက်၌ သတ္တဝါတို့ လောဘ၊ဒေါသ၊မာန၊ဣသာ၊
မစ္ဆရိယ စသော အကုသိုလ် ကိလေသာတရားများလွန်စွာထူပြောများပြာလှသောကြောင့် မြတ်စွာဘုရား
ဟောကြားသော တရားတော်ကို ဉာဏ်ရနိုင်ခြင်းမရှိကြလေကုန်။ထိုသို့ဖြစ်သောကြောင့် လူတို့၏အသက် 
တစ်သိန်းတမ်းအထက်နှင့် တစ်ရာတမ်းမှအောက် မြတ်စွာဘုရားများပွင့်တော်မမူကြခြင်းဖြစ်လေသည်။
ဂေါတမမြတ်စွာဘုရားရှင် ထားတော်မူခဲ့သော သာသနာတော်သည်ကား အနှစ်ငါးထောင်(၅၀၀၀)တည်လိမ့်
မည်။




















(၅)အရိမေတ္တေယျမြတ်စွာဘုရား






   ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ် နှစ်တစ်ရာတမ်းမှ
တရွေ့ရွေ့ဆုတ်ယုတ်လာရာ ၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက်  ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ
အသက်အသင်္ချေယျတမ်းသို့ ဆိုက်ရောက်လာပြီး တဖန် ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့ 
၏ အသက်တမ်း အနှစ်ရှစ်သောင်း(၈၀၀၀၀)တမ်းသို့ရောက်လျှင် အရိမေတ္တေယျမြတ်စွာဘုရား ပွင့်တော်မူလိမ့်
မည်။









        အရိမေတ္တေယျ မြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ ပဉ္စမမြောက် နောက်ဆုံး
ပွင့်တော်မူမည့် မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ စံနန်းပြာဿဒ်
ပျံယာဉ်ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို ၆-ရက်မျှသာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ နာဂ
ရုက္ခဗောဓိ=ကံ့ကော်ပင်ဗောဓိဖြစ်မည်။ကဿပမြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်မှာ အတောင်
(၈၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ အလိုတော်ရှိတိုင်း ဖြန့်ကျက်တော်မူနိုင်လိမ့်မည်။
ထိုအခါလူတို့၏သက်တမ်း အနှစ် ရှစ်သောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော်
ခြောက်သောင်းလေးထောင်(၆၄၀၀၀)ရှိတော်မူသောအခါ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးဘုံဇာတ်သိမ်းတော်မူလိမ့်မည်။
ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်လောင်ကျွမ်းပြီးသောအခါ ကြွင်းကျန်ရစ်သောဓာတ်တော်များကိုလည်း
နတ်လူအပေါင်းတို့သည် စေတီများတည်ကာ ဌာပနာသွင်း၍ ရိုသေမြတ်နိုးစွာ ကိုးကွယ်ပူဇော်ကြလိမ့်မည်ပင်
ဖြစ်ပေသတည်း။အရိမေတ္တေယျမြတ်စွာဘုရားထားတော်မူခဲ့သော သာသနာတော်သည်ကား အနှစ်သုံးသိန်း
ရှစ်သောင်း(၃၈၀၀၀၀)ဖြစ်လိမ့်မည်။






       ယခုကျွန်တော်တို့နေထိုင်ရာ ဤ ကမ္ဘာကား မြတ်စွာဘုရား ငါးဆူအထိပွင့်တော်မူမည့် ဘဒ္ဒကမ္ဘာဖြစ်ပါ
သဖြင့် လွန်စွာမှ ကုသိုလ်ထူး လူဖြစ်ရကျိုးနပ်ပါ၏။ ကုန်ဆုံးပျက်စီးခဲ့သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
အထက်တွင် မြတ်စွာဘုရားရှင် ငါးဆူအထိပွင့်တော်မူမည့် တစ်ခုတည်းသောကမ္ဘာဖြစ်ပါ၍ မြတ်စွာဘုရား
သူတော်ကောင်းတရား ငါးကြိမ်တိတိနာကြားခွင့်ကြုံပါသည်။ခဏဖြစ်ရ,လူ့ဘဝ အနှစ်ရအောင် ကြိုးစားကြဖို့ရန်
တိုက်တွန်းလိုက်ရပါသည်။







         ဤစာစုကို အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ဝိနယပါရဂူ၊သာ-သီ-ဓ၊ဂဏဝါစက၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)
ရေးသားတော်မူသော“မြတ်ဘုရားရှင် နှစ်ကျိပ်ကိုးဆူဝင်”ကျမ်းစာအား မှီငြမ်းရေးသားပါသည်။

မတ်ဗုဒ္ဓအကြောင်းသမိုင်းအကျဉ်းချုပ်

မြတ်ဗုဒ္ဓအကြောင်းသမိုင်းအကျဉ်းချုပ်။
=======================
ခမည်းတော်-သုဒ္ဓေါဒနမင်းကြီး

မယ်တော်-မာယာဒေဝီ

မိထွေးတော်- ဂေါတမီ

ကြင်ယာတော်- ယသော်ဓရာဒေဝီ

သားတော်- ရာဟုလာမင်းသား

ညီတော်- အာနန္ဒာ

ယောက်ဖတော်- ဒေဝဒတ်

ယောက္ခမမင်း- သုဗ္ဗဗုဒ္ဓမင်း

ငယ်အမည်- သိဒ္ဓတ္ထ မင်းသား

ဖွားမြင်သည့်နေရာ- လုဗ္ဗနိဥယျာဉ် (နိပေါ)

ဖွားမြင်သည့်နှစ်- မဟာသက္ကရာဇ်၆၈ကဆုန်လပြည့် သောကြာနေ့

အိမ်ထောင်ပြုစဉ်အသက်- ၁၆ နှစ်

တောထွက်ချိန်- ၂၉ နှစ်

တရားကျင့်သည့်နှစ်ပေါင်း- ၆ နှစ် (ဒုက္ကရစရိယာ)

ဘုရားဖြစ်ချိန်သက်တော်- ၃၅နှစ်

ဘွဲ့တော်- ဂေါတမ

ပရိနိဗ္ဗာန်ပြုချိန်သက်တော်- ၈၀ နှစ်

ပရိနိဗ္ဗာန်ပြုချိန်ဝါတော်- ၄၅ ၀ါ

နေပြည်တော်- ကပိလ၀တ်ပြည် (သက္ကတတိုင်း)

နန်းစံနှစ်- ၁၃ နှစ်

နမိတ်ကြီး လေးပါး- သူအို၊ သူနာ၊ သူသေ၊ ရဟန်း

ဗျာဒိတ်ခံယူသောဘ၀- သူမေဓါ ရသေ့ဘဝ

ဗျာဒိတ်ပေးသောနေ့- ကဆုန်လပြည့်နေ့

ဗျာဒိတ်ပေးသောဘုရား- ဒီပင်္ကရာ မြတ်စွာဘုရား

ပါရမီဖြည့်ဘက်- သူမိတ္တာအမျိုးသမီး (ရသေ့မ)

ပါရမီဖြည့်ကာလ- လေးင်္ချေနှင့် ကမ္ဘာတစ်သိန်း

ပါရမီဖြည့်ခြင်း၏ရည်ရွယ်ချက်- သတ္တ၀ါများအကျိုးဆောင်ရွက်ရန်

ဒုက္ကရစရိယာ ကျင့်သောနေရာ- ဥရုဝေဌတောအုပ်

ဘုရားပွင့်ရန်သက်တမ်း- နှစ်(၁၀၀)တန်း

တရားဦးဟောကြားခံရသည့်ပုဂ္ဂိုလ်များ- ပဉ္စ၀ဂ္ဂီငါးဦး

တရားဦးဟောသည့်နေရာ- ဗာရာဏသီ(မိဂဒါဝုန်တောအုပ်)

အဆုံးအမ သာသနာ- ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာ

ကျင့်စဉ်သိက္ခာ - သီလ၊ သမာဓိ၊ ပညာ။

ချမှတ်သောလမ်းစဉ်- မဇ္ဈိမပဋိပဒါ

သန္ဓေယူသောနေ့- ၆၇ ၀ါဆိုလပြည့် ကြာသပတေးနေ့

တော်ထွက်သောနေ့- ၉၇ ၀ါဆိုလပြည့် တနင်္လာနေ့

ဘုရားဖြစ်သောနေ့- ၁၀၃ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့

ဓမ္မစကြာတရားဦးဟောသောနေ့- ၁၀၃ ၀ါဆိုလပြည့် စနေနေ့

ပရိနိဗ္ဗာန် စံသောနေ့- ၁၄၈ ကဆုန်လပြည့် အင်္ဂါနေ့

တေဇောဓါတ်လောင်ကျွမ်းသောနေ့- ၁၄၈ ကဆုန်လဆုတ် ၁၂ တနင်္ဂနွေနေ့


သန္ဓေယူ၊ တောထွက်၊ ဟောမြွက်သံချို လ၀ါဆို ။ ။

အပါယ်တံခါးပိတ်ပြီး သောတပန်ဖြစ်ချင်သောသူများ

ဘာသာတရားကိုစတင်ရှာဖွေခြင်းသည်အကြောက်တရားကိုမြင်သောကြောင့်ဖြစ်သည်။
အိုခြင်း၊နာခြင်း၊သေခြင်း၊တဖန်ငရဲရောက်ခြင်းဖြင့်သုံးသပ်ကြရမည်ဖြစ်သည်။
ကနေ့လောကတွင်ဖြစ်ပျက်နေသောအရာမှန်သမျှ မြတ်စွာဘုရားဟောကြားသောတရားထဲတွင်မလွတ်တန်းမှန်ကန်နေမည်ဖြစ်သည်။
ဆုတ်ခေတ်ဟုလည်းတချို့ကပြောကြသည်။သေရေးမြင်သောသူသည် နေရေးပြင်ကြသည်၊သေရေးမမြင်သောသူသည်သာ နေရေးမှာရွှင်ကြသည်။
တရားထူးရရန်လွယ်သောသူကလွယ်ကာခက်သောသူအတွက်ခက်ခဲနေတတ်သည်။အဘယ်ကြောင့်လွယ်သနည်းခက်သနည်းဆိုရင် တရားရှာသောသူသည် အရေးကြီးသည်။ဝိပသနာ အားထုတ်မှတရားရမည်ဟု သတ်မှတ်ထားသောသူသည် မည်သို့မှတရားထူးရနိုင်မည်မဟုတ်ပါ။ဘုရားရှင်လက်ထက် ၀ိသာခါဆိုလျှင် အဘယ်ကြောင့်သောတပန်ဖြစ်သနည်း။အသင်တို့သေသေချာချာစမ်းစစ်ဖူးပါသလား။တချို့က အတိတ်ကံကြောင့်လို့ သုံးသပ်ကြပါတယ်။ဒါဆိုရင် ၀ိသာခါ ဘုရားနဲ့တွေ့တာပဲ ရပာနာ ဖြစ်ပါလား ဘာလို့မဖြစ်တုန်း။သိစေချင်တာပါ။သူငယ်ချင်းအပေါင်းတို့ မှတ်ထားပါ။မြတ်စွာဘုရားသည် အနှစ်ချုပ်ပြောရရင် လူအားလုံးအတွက်ကျွတ်တန်းဝင်ရန် တရား၂မျိုးဟောတော်မူတယ်။ကနေ့ခေတ်ကတရား ၁မျိုးသာသိကြပါတယ်။ထိုတရားသည် တဏှာသတ်ဖြစ်သော ၀ိပသနာတရား သာဖြစ်သည်။နောက်တမျိုးဖြစ်သော သဒါတရားကိုမသိကြပေ။၇ နှစ်အရွယ်ဝိသာခါ သောတပန်တည်ရခြင်းသည် မြတ်စွာဘုရားဧ။် သဒါတရားပောာကြားခြင်းကြောင့် သောတပန်တည်ကာ ယခုဆိုရင် နတ်သမီးကြီးဖြစ်နေပေသည်။သူသည် အပါယ်မလားတော့ပဲ အချိန်တန်နိဗာန်ဝင်စံရမည်ဖြစ်သည်။
 ကျွန်တော်တို့သည် ၀ိသာခါ သွားသောလမ်းကိုသွားရမည်ဖြစ်သည်။အဘယ်ကြောင့်နည်း ကာလ မပြည့်မှုကြောင့် တဏှာသတ်လမ်းကိုလျှောက်မည်ဆိုလျှင် အရာအားလုံးစွန့်လွှတ်မှသာတရားရမည်။ပုဆိုး ထမီ အိုးအိမ် လူ့ဘောင်နေသူဖို့ သဒါတရားကသာ မိမိကိုအချိန်တန်ရင် နိဗာန်ပို့ပေးနိုင်မည်။
   ကာလမပြည့်စုံမှုဆိုသည်မှာ ဘု၇ားရှင်လက်ထက်က တရားရကြသည်မှာ အကြောင်းရှိသည်။ရာသီဥတုမျှတမှု၊အချိန်ကောင်း အခါကာင်းမှု၊ဆရာစစ် ဆုံးမမှု၊အကျင့်ကောင်းမှု ထိုပြည့်စုံမှုကြောင့် တရားရသည်ဖြစ်သည်။ယနေ့ကာလနှင့်သုံးသပ်ကြအံ့။  
မြတ်စွာဘုရားတရားတိုသည် လူဖြစ်ပါလျှက်နဲ့ကိုးကွယ်လျှက်နဲ့ဆင်းရဲရတဲ့တရားမဟုတ်ပါဘူး၊အခုတိုင်းဆိုလျှင် ကိုးကွယ်လျှက်နဲ့အသေဆိုးတွေများလာတာပဲရှိပါတယ်။အဘယ်ကြောင့်နည်း။မြတ်စွာဘုရားတရားတို့သည် လောကဘေးအပေါင်းလွတ်ကင်းကာ မြတ်နိဗာန်ကိုသွားရာတရားတော်ဖြစ်သည်။အကျင့်မှန်တရားသာဖြစ်သည်။ထိုင်ရုံနှင့်တရားမဟုတ်ပါ။လောကကိုရင်ဆိုင်ရင်း သွားရမည့်တရားပါ။
     မြတ်စွာဘုရားသည် သောတပန်ဖြစ်ကြောင်းကို ဒီလိုပြောတယ်.......
    ၁။ ဆရာစစ် ဆရာမှန် ရှာဖွေပေါင်းသင်းပါ။
    ၂။ဆရာစစ်ပောာသော တရားစစ်ကို နာယူပါ။
    ၃၊မှန်သောအကျင့် ကျင့်ပါ။
    ၄။မှန်သောအကျင့် ကျင့်ပါ။ထိုတရားတို့သည် သောတပန်ဖြစ်နိုင်သည်။တရား ၄ ချက်ကိုအသေးစိတ်နောက်မှရှင်းပါမည်။စာအရေးသားလိုအပ်သည်ကို သိပါသည်။နားလည်ပေးစေချင်သည် သူတော်ကောင်းအပါင်းတို့။ကျင့်ရမည့် လူတို့တရားကို နောက်တင်ပေးမည်။


Posted by တေဇ ဘုရားတရားမြဲသူများအဖွဲ 
http://www.edinooyin.com

သောတပန်အကျင့်တရား

ထိုင်မှကျင့်သောတရားသည် တ၇ားစစ်မဟုတ်။ကျင့်သုံးရမည့်တရား ၂မျိုးရှိသည်။သဒါတရား၊၀ိပသနာတရား တို့ဖြစ်သည်။ယနေ့ခေတ်သည် ၀ိပသနာတရားကိုအားသန်သည်။သဒါတရား ပျောက်နေသည်။
              အရှင်အာနနာကဘုရားကိုမေးတယ်.အရှင်ဘုရား တပည့်တော် စိတ်ငြိမ်ရာအရပ်မှာတွေးကြည့်တဲ့အခါ တပည့်တော် ရပာနာဖြစ်ရခြင်းသည် အရှင်ဘုရားစွမ်းဆောင်မှုကတ၀က် တပည့်တော်ကြိုးစားမှုကတ၀က် လို့ထင်မိပါတယ်ဘုရားတဲ့။
              မြတ်စွာဘုရားက ချစ်သားအာနနာ ငါဘုရားသာတ၇ားဟောမပေးရင် မင်းလည်းဒီလိုဖြစ်လာစရာမရှိဘူးတဲ့။
အထူးသတိပြုရန်....လူတိုင်းသည်တရားကျင့်နေလျှင် ကောင်းနေသည်ဟုထင်သည်။ဟုတ်ပါတယ်ကောင်းပါတယ်။
ဒါပေမယ့် မိမိကျင့်သောတရားသည် အကျင့်မှန်ဖြစ်ရမည်။မမှန်ပါက ရပ်ပြစ်၈ပါး မလွတ်သည်ကိုသတိပြုရန်။လူတယောက် ရုပ် နာမ် တခုခု စွဲမှတ်ရင်းသေသွားရင် ရပ်ပြစ်၈ပါး မလွတ်နိုင်ပါ။ ရပ်ပြစ်၈ပါးမှ ရူပဘုံ အရူပဘုံ တို့သည်အလကားမဟုတ် ထိုသူများအတွက်ဖြစ်သည်။ဆရာစစ်တွေ့ပါက တ၇ားထူးသည်အရမြန်သည် ဆ၇ာစစ်မဖြစ်ပါက ဆင်ခြင်နိုင်ရုံသာဖြစ်မည်။သောတပန်သည် ဖြစ်ကြောင်းတိုသည် ဒေါသဖြစ်ရင် ဖြစ်မှန်းသိ တခါတည်း ဖြတ်သည် ဆက်လက်မသွား။ရှေ့ဆက်မတိုးပါ


Posted by တေဇ on July 10, 2012 at 21:55 in ဘုရားတရားမြဲသူများအဖွဲ 
  www.edinooyin.com

အိမ်ထောင်တစ်ခုတည်ဆောက်တော့မယ်ဆိုရင်

ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ဆိုလျှင်  သီတင်းကျွတ်လပြည့်နေ့သို့
ရောက်ပါပြီ။မိရိုးဖလာယုံကြည်မှု ဓလေ့ထုံးစံအရ ၀ါတွင်းကာလအတွင်း အိမ်ထောင်ပြုခြင်းကို
ရှောင်ကြဉ်ခဲ့ကြရတယ် ။ထို့ကြောင့် ၀ါကျွတ် ကာလရောက်ပြီဆိုလျှင် ဗုဒ္ဓဘာသာ မြန်မာလူမျိုး
များအကြားတွင် ဘယ်သူတွေ မင်္ဂလာဆောင်ကြတော့မည် ဆိုသည်ကို စိတ်ဝင်စားကြသည်က
ရိုးရာဓလေ့တစ်ခုလို ဖြစ်ခဲ့သည်။ ထို့အတူပင် ၀ါကျွတ်သည်နှင့် လက်ထပ်ထိမ်းမြားရန် အရွယ်
ရောက်ပြီဟု သတ်မှတ်ခြင်းခံထားရသူများ အကြား ဘယ်တော့မင်္ဂလာဆောင်မလဲ ဆိုသည်က
လည်း စချင်စရာ၊ နောက်ချင်စရာ စကားတစ်ခုဖြစ်လာခဲ့သလို ချစ်စရာလည်းကောင်းသည့် ၀ါ
ကျွတ်ကာလ ၏စကားတစ်ရပ် ဖြစ်လာခဲ့သည်။ဒါကြောင့်  ၀ါကျွတ်ပြီသီတင်းကျွတ်ရောက်ပြီဆို
တာနဲ့  ထိမ်းမြား လက်ထပ်ပွဲများ အဆက်မပြတ် ကျင်းပကြသကဲ့သို့ သတင်းစာများတွင်လည်း
မင်္ဂလာသတင်းများဝေေ၀ဆာဆာ တွေ့ကြရတယ် ။ မင်္ဂလာသတို့သား၊ သတို့သမီးတို့ကို မင်္ဂလာ
ဆောင် စံပယ်ပန်းကုံးချီးမြှင့်ခြင်း၊ မင်္ဂလာလက်စွပ် ၀တ်ဆင်ပေးခြင်း၊ မင်္ဂလာလက်ဆောင် ပေး
ပို့ခြင်း၊ တက်ရောက်ချီးမြှင့်ခြင်း စသည်တို့အတွက် ကျေးဇူးတင်ကြောင်း သတင်းစာများတွင် တ
ခမ်းတနား ကြေညာကြတယ် ။ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသောပျော်ရွှင် ကြည်နူးဖွယ်ကောင်း
သောကိစ္စများပင် ။ချစ်သူရည်းစားတို့အတွက်ကတော့  အိပ်မက်နှင့် စောင့်မျှော်ခဲ့ရသည့် အချိန်
အခါဖြစ်လိမ့်မည်လို့  ထင်ပါတယ်။ဒါပေမဲ့  နံပါတ်မရှိသေးတဲ့ လူပျိုကြီးတွေအပျိုကြီးတွေအတွက်
တော့သီတင်းကျွတ်ဆိုတာ မျှော်မောဟတ်ကော့ကြီးပေါ့ ဗျာ။ဟိုးယခင်နှစ်များဆီက အသက်၄၀
ဝန်းကျင်အထိ အိမ်ထောင်မကျသေးသူများကို လူပျိုကြီး၊ အပျိုကြီးဟု ခေါ်ဆိုခဲ့ကြသော်လည်း
ယနေ့အချိန်တွင်အသက် ၃၀ ၀န်းကျင် အိမ်ထောင်မကျသေးသူများကိုပါ သတ်မှတ်လာကြ
သည်။ဘာကြောင့် အပျိုကြီး ၊ လူပျိုကြီးတွေ များလာရတာလဲ ? ...........................။

မြန်မာနိုင်ငံတွင် အိမ်ထောင်မပြုသူအချိုး ပိုမိုများပြားနေပြီး အိမ်ထောင်ပြုသည့် အသက်အရွယ်
လည်းတဖြည်းဖြည်း မြင့်မားလာနေသည် ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
နှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းကောက်ယူခဲ့သည့် ‘‘မွေးဖွားမှုနှင့် မျိုးဆက်ပွား
ကျန်းမာရေး’’ စစ်တမ်း ကဖော်ပြခဲ့သည်။အိမ်ထောင်မပြုသူအချိုးပိုများပြီး အိမ်ထောင်ပြုသည့် အ
သက်အရွယ် မြင့်မားလာနေသည့်အကြောင်းရင်း တွင် စားဝတ်နေရေးက အဓိကပြဿနာ အဖြစ်
ပါဝင်နေကြောင်းကိုလည်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားပါသည်။စစ်တမ်းကို ၂၀၀၇ ခုနှစ်တွင်
ကောက်ယူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ မွေးဖွားမှု နှင့် မျိုးဆက်ပွား ကျန်းမာရေး
ဆိုင်ရာ ထွက်ရှိထားသည့် စစ်တမ်းလည်းဖြစ်သည်။

စစ်တမ်းအရ အသက်၁၅မှ ၁၉ နှစ်အတွင်း အမျိုးသမီးများတွင် အိမ်ထောင်မပြုသည့်နှုန်းသည်
၁၉၇၃ ခု နှစ်က ၇၈ရာခိုင်နှုန်းရှိခဲ့ရာ မှ ၂၀၀၇ ခုနှစ်တွင် ၉၂ ဒသမ၈ရာခိုင်နှုန်း၊  အသက် ၂၀မှ
၂၄နှစ်အတွင်း အမျိုးသမီး များတွင် ၃၅ဒသမ၅ရာခိုင်နှုန်းမှ ၆၇ဒသမ၉ ရာခိုင်နှုန်း၊ အသက် ၄၅ မှ
၄၉နှစ်အတွင်း အမျိုးသမီးများတွင် ၅ဒသမ၉ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၄ ဒသမ ၈ရာခိုင်နှုန်းသို့ အသီးသီး
မြင့်တက်လာကြောင်း ဖော်ပြထားသည်။ထို့အပြင် အသက်၁၅မှ၁၉နှစ် အတွင်းရှိ အမျိုးသားများတွင်
အိမ်ထောင်မပြုသည့်နှုန်းသည် ၁၉၇၃ ခုနှစ်က ၉၂ဒသမ၂ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ခုနှစ်တွင် ၉၅ ဒ
သမ ၉ရာခိုင် နှုန်းသို့လည်းကောင်း၊ အသက် ၂၀ မှ၂၄နှစ်အတွင်းရှိ အမျိုးသားများ တွင် ၅၅ဒသမ၂
ရာခိုင်နှုန်းမှ ၇၆ဒ သမ၇ရာခိုင်နှုန်း သို့လည်းကောင်း၊ အသက်၄၅မှ၄၉နှစ်အတွင်းရှိ အမျိုး သားများ
တွင် ၃ဒသမ၅ရာခိုင်နှုန်းမှ ၇ဒသမ၅ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး မြင့်တက်ခဲ့ပါသည်။

စစ်တမ်းတွင်၁၉၇၃ခုနှစ်က အ မျိုးသမီးများ၏အိမ်ထောင်ပြုသည့် အသက်အရွယ်သည် ၂၁နှစ်ဝန်း
ကျင် ဖြစ်ပြီး ၂၀၀၇ခုနှစ်တွင် ၂၆ နှစ်သို့ မြင့်တက်ခဲ့ပါသည်။ အလားတူ အမျိုးသားများတွင်လည်း
၂၃ နှစ်ဝန်း ကျင်မှ ၂၀၀၇ ခုနှစ်တွင် ၂၇ နှစ်ဝန်း ကျင်သို့ မြင့်တက်ခဲ့ပါသည်။အိမ်ထောင်မပြုသူအ
ချိုးများ လာခြင်းသည် အကြောင်းရင်းများစွာ ရှိပါသည်။ အဓိကသည် စားဝတ်နေရေးပြဿနာ များ
လာခြင်း၊ လူနေမှုပုံစံ ပြောင်းလဲလာခြင်း၊ ပညာရေးနှင့် စီးပွားရေးအား ပိုမိုဦးစားပေးလာခြင်း များရှိ
သည်။ ပညာရေးမြင့်သူများကို ကြည့်ပါကလည်း ပညာရေးမြင့်လေ တစ်ဦးတည်းနေချင်လေ ဖြစ်လာ
ခြင်းတို့ကြောင့် အိမ်ထောင်မပြုသူ အချိုးများ လာကြောင်းကိုလည်း ကုလသမဂ္ဂလူ ဦးရေ ရန်ပုံငွေအ
ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ဖူးသည်။ထို့ပြင်ယနေ့ခေတ်၌ အိမ်ထောင်ပြုသူများတွင် ကလေး
ယူနှုန်းနည်း လာပါသည်။ ယနေ့ခေတ် အိမ် ထောင်ရေးကို ဒဿနအဖြစ်ခြုံငုံ စဉ်းစားကြည့်ပါက
ယခင်ထက်တွက်ချက် ရမှုပိုများလာခဲ့သည်။မြို့ပြနှင့်ကျေးလက်ဒေသများတွင် အိမ်ထောင်ပြုသည့်
အသက်အရွယ်သည် အမျိုးသမီးများတွင်၂၁နှစ် ၀န်းကျင်ရှိခဲ့ရာမှ၂၆ နှစ်ဝန်းကျင်သို့ လည်းကောင်း၊
အမျိုးသားများတွင်  ၂၄နှစ်ဝန်းကျင်ရှိခဲ့ရာမှ ၂၈နှစ်ဝန်းကျင် သို့လည်းကောင်း မြင့်တက်လာသည်
ဟုလည်း စစ်တမ်းတစ်စောင်က ဖော်ပြထားပါသည်။

ဒါကြောင့် အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ရည်ရွယ်နေကြသူများ အတွက် သိသင့်သိထိုက်တာလေး
တွေကို ရှာဖွေစုဆောင်းတင်ပြလိုက်ရပါတယ် ။အိမ်ထောင်မကျသေးတဲ့၊ အိမ်ထောင်ပြု့ဖို့ ကြိုးစားနေ
ကြတဲ့ လူပျိုကြီး၊ အပျိုကြီးများ ၊ညီလေး၊ ညီမလေးများအတွက် ရည်ရွယ်ပါတယ်နော်။

အချစ်မှာ မျက်စိမရှိဘူးပဲဆိုဆို ။တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်နေရင် အပြစ်များတောင် မမြင်
တော့ဘူးပဲဆိုကြဆိုကြ ။ဒီစကားလေးတွေက ချစ်သူတွေဘ၀မှာတော့ မှန်သင့်သလောက်ပဲမှန်ပါလိမ့်
မယ်။ဒါပေမဲ့ တစ်ကယ်တန်း နှစ်ကိုယ်တူ ဘ၀ခရီးလမ်းကို တူယှဉ်ကာ လျှောက်လှမ်းကြတော့မယ်ဆို
ရင်တော့ “မျက်တောင်မွှေး တစ်ဆုံးကိုမကြည့်ပဲ မျက်စိတစ်ဆုံးတော့ကြည့်ပါ” ဆိုတဲ့ စကားပုံလေးလို
ပဲပေါ့ဗျာ ။ အစကောင်းမှလဲ အနှောင်းသေချာပါလိမ့်မယ်။ အိမ်ထောင်ပြုတယ်ဆိုတာက ဘာမှမသက်
ဆိုင်တဲ့ ဆန့်ကျင်ဘက်သူစိမ်းလူသားနှစ်ဦး အတူတစ်ကွ ပေါင်းသင်းတာပဲလေအတူတကွ နေလာခဲ့
ကြပြီးမှ စိတ်သဘောထားခြင်း မတိုက်ဆိုင်တော့လို့တို့၊ မေတ္တာမပါပဲ အချစ်တစ်ခုထဲကိုဦးစားပေးပြီ
တစ်ယောက်အကြောင်းတစ်ယောက် သေချာမသိပါပဲ အိမ်ထောင်သက်လေးကြာလာတဲ့အချိန်မှာ အ
တိတ်က ဘာမဟုတ်တဲ့ အပြစ်သေးသေးလေး တွေကိုအစပြု့လို ကွဲကွာသွားကြတာတို့၊က ဖြစ်တတ်ပါ
တယ် ။ထိုအပြင် တူနှစ်ကိုယ် တဲအိုပျက်မှာ နေရနေရ ၊ထမင်းရည်ပူပဲ သောက်ရသောက်ရဆိုပြီး ယူပြီး
ကာမှ နောက်တော့ ပိုက်ဆံမပြေလည်လို့ ကွာကြကွဲကြတယ်။ အကြွေးတွေနစ်ပြီး ထွက်ပေါက်မရှိလို့
ရာဇဝတ်မှုတွေကျူးလွန်တယ်။ ကလေး မွေးပြီးမှ မကျွေးနိုင်လို့စွန့်ပစ်ကြတယ်။ ကိုယ်ဝန်ရှိမှ မမွေးနိုင်
လို့ ဖျက်ချကြတယ်။ အခြားအခြား လူမှုရေးပြဿနာတွေ အများကြီးရှိသေးတယ်။ တချို့ကတော့ ဒုက္ခ
တွေကိုကြံ့ကြံ့ခံ ပြီး ရိုးရိုးသားသားနဲ့ အိမ်ထောင်သည် ဘ၀ကိုဖြတ်သန်းနေသူတွေလည်း ရှိပါတယ်။

ဒါကြောင့် မိမိရဲ့ ဘ၀လက်တွဲဖေါ်ဟာ ဘယ်လိုလူမျိုးလဲ၊ မိမိအပေါ်ကို ဘယ်လို သဘောထားတဲ့သူလဲ၊
ရေရှည်မှာရော ဘယ်လိုစိတ်ပြောင်းလဲတက်တဲ့ လူစားမျိုးလဲ၊ အချစ်တစ်ခုတည်းနဲ့မဟုတ်ပဲ မိမိကို
နားလည်မှုတွေ စစ်မှန်တဲ့အချစ်နဲ့ နွေးထွေးတဲ့မေတ္တာတွေ ပေးတက်တဲ့သူလားစတဲ့... စတဲ့   အချက်
လေးတွေကို သေသေချာချာ စဉ်းစားပြီးမှ အိမ်ထောင်ဖက်ကို ရွေးချယ်သင့်တယ်လို့ ထင်ပါတယ် ။
အိမ်ထောင်ရေးဆိုတာ အစကောင်းမှ အနှောင်းသေချာဆိုသလို နောင်ပြင်ရန် ခက်တဲ့အမျိုပါ။
တစ်မိသား နဲ့ တစ်မိသား အချိန်တန် အရွယ်ရောက်လို့ တစ်ဦးနဲ့တစ်ဦး အကြောင်းဆက် ပေါင်းဖက်
ကြရတာ ဓမ္မတာပါပဲလေ။ ၀ါဝင်တော့မယ် မခွဲနိုင်တော့ဘူး အရမ်းချစ်လို့ဆိုပြီး အပြေးအလွှား လက်ထပ်
ချင် သူတွေလည်း မိမိဘ၀တစ်သက်တာမှာ သာယာပျော်ရွှင် ချမ်းမြေ့တဲ့ ခိုင်မြဲတဲ့ အိမ်ထောင်စုလေး ဖြစ်
ဖို့အတွက် သည်အချက်လေးတွေက ရှိထားဖို့လည်းလိုအပ်လိမ့်မယ်လို ထင်ပါတယ်နော်.....


၁။ မိမိအိမ်ထောင်ဖက်သည် ရောဂါဘယကင်းရှင်းပြီး ကျန်းမာရေးကောင်းဖို့ လိုအပ်ပါသည်။

၂။ ဘွဲ့ရ ၊ ခေတ်ပညာတက်ကြီး မဟုတ်ရင်တောင်မှ သင့်တင့်တဲ့ ပညာအရည်အချင်းလေးတော့ ရှိထား
   ရပါမယ်။

၃။ နှစ်ဦးနှစ်ဖက် သင့်တင့်တဲ့စီးပွားရေး ရှိဖို့လည်းလိုပါတယ်။ မရှိသေးရင်လည်း ရှိလာအောင်ကြိုးစားပြီးမှ
    လက်ထပ်သင့်ပါတယ်။ တူနှစ်ကိုယ် တဲအိုပျက်မှာ ထမင်းရည်ပူလျက်ရစေတော့ ဆိုတာ သီချင်းထဲမှာပဲ
    ရှိပါတယ်။

၎။ မိမိပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့နဲ့ လူဝင်ဆံ့ဖို့လည်းလိုအပ်ပါတယ်။
    လူကောင်းသူကောင်းနဲ့ ပေါင်းဖေါ်တက်သူ ဖြစ်ဖို့လိုပါတယ်။

၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့ လိုသလို အကျင့်စာဂ၊ စာရိတ္တကောင်းမွန်
    သူ တစ်ယောက်ဖြစ်ရန်လည်း အရေးကြီးပါတယ်။


နောက်တစ်ခုက မိမိရဲ့အိမ်ထောင်ဖက် ရွေးချယ်ခြင်းနဲ့ ပတ်သက်ပြီး “ ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ” လို့
ဆိုတဲ့ ရှေးရိုးစဉ်လာ စကားလေးတွေကိုလည်း ကောင်းမွန်စွာ မှတ်သားလိုက်နာဖို့ လိုပါတယ်။
အဲ့ဒါတွေကတော့....

“ပါသုံးပါ” ဆိုတာ

၁။ အကြွေးတွေ ပါလာသူ 
၂။ ရောဂါဘယ ပါလာသူ
၃။ အပိုစားမယ့်သူ ပါလာသူ


“ချာသုံးချာ” ဆိုတာ

၁။ ပညာအရည်အချင်း နုံချာသူ
၂။ အကျင့်စာရိတ္တ နုံချာသူ
၃။ အလုပ်အကိုင် နုံချာသူ


“ကွာသုံးကွာ” ဆိုတာ

၁။ တိုင်းနိုင်ငံနဲ့ လူမျိုးမတူ ကွာခြားသူ
၂။ အယူဝါဒမတူ ကွာခြားသူ
၃။ စိတ်သဘောမတူ ကွာခြားသူတို့ပဲ ဖြစ်ပါတယ်။


ရှေးလူကြီးများရဲ့ ပြောပြချက်အရ ထိုအချက်ကိုးချက်နဲ့ မကိုက်ညီတဲ့ အိမ်ထောင်ရေးတွေဟာ စိတ်ဆင်းရဲ၊
ကိုယ်ဆင်းရဲ ဖြစ်တတ်ကြပြီး သည်အချက်တွေနဲ့ပြည့်စုံတဲ့ အိမ်ထောင်ရေးတွေကတော့ များသောအားဖြင့်
အဆင်ပြေပြီး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြတယ်လို့ ဆိုပါတယ်။ဝါလကင်းလွတ်တဲ့ သီတင်းကျွတ်ကာ
လအပြီးတွင် အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ ရည်ရွယ်နေကြသူများ အတွက် သိသင့်သိထိုက်တာလေး
တွေကို ရှာဖွေစုဆောင်းတင်ပြလိုက်ရပါတယ် ။သူငယ်ချင်းအားလုံးလည်း ခိုင်မြဲတဲ့တွဲလက်များဖြင့် သာယာ
ချမ်းမြေ့တဲ့ ဘ၀ခရီးလမ်းကို အဆင်ပြေချောမွေ့ စွာ  လျှောက်လှမ်းနိုင်ကြပါစေသော်................................။




Acne (၀က်ခြံပြဿနာ)နှင့် သဘာဝ ကုထုံများ


အသက် ၁၂ နှစ် နဲ. ၂၄ နှစ် အကြား လူငယ် အများစု ကြုံတွေ.နေရတဲ. အလှဖျတ် တဲ. ၀က်ခြံဟာ မျက်နှာ၊ လည်ပင်း ၊ ရင်ဘတ် ဒါမှမဟုတ် ကျောကုန်းတွေပေါ်မှာ ပေါက်တတ်ပါတယ်။ ၀က်ခြံဖြစ်စေသော အကြောင်းအရာများမှာ

 ၁။ အဆီအစိမ်.အစာများ (မြေပဲ၊ ချောကလတ်…..)
၂။ အိပ်ရေးမ၀ခြင်း
၃။ စိတ်ဖိစီးမူ များခြင်း
၎။ အစားအသောက် အချိန် မမှန်ခြင်း
၅။ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်ခြင်း
၆။ ငန်သော အစားစာများ (ငပိ၊ငါးခြောက်…..)
၇။ သစ်သီးယိုစုံ၊ ချိုချဉ်၊ ရေခဲမုန်. များ စားခြင်း

ဝက်ခြံ ပေါက်သောသူများအနေနဲအသား စား တာထက် အသီးအရွက်များကိုအလေးပေးစားသင့်ပါတယ်။
တရက် ကို ထမင်းသုံး နှပ် မှန်မှန်စားပြီး အရည်ရွမ်းသော အသီး များများ စားပေးရပါမယ်။
အသင့်စား သစ်သီးဖျော်ရည် ဗူး များ ကို ရှောင်ပါ။

တပတ်လောက် မှန်မှန်စားပေးလိုက်ရင် ၀က်ခြံ တွေ သိသိသာသာ လျှော.ပါးလာမှာပါ။
ဝက်ခြံထွက်လာရင် လဲ မမှည်.ခင်လက်နဲ.လျှောက်ဆိတ်တာ တို. ညှစ်တာတို. မလုပ်ရပါဘူး။
ဝက်ခြံ တခု ဆိုတာ အသားထဲမှာ အမြစ်တွယ်နေတဲ. အဖြူရောင် အမြစ် (gland) ကလေး ရှိပါတယ်။ ၀က်ခြံမမှည်.ခင်မှာ ထိုအမြစ် ကို လက်နဲ.ညှစ်ထုတ်ဖို. အင်မတန်မှ ခက်ခဲပြီး နာကျင်လှပါတယ်။ ပိုးသက်ထားတဲ. ဓါး အသေးလေးနဲ. ခွဲပြီး အမြစ် မထုတ် နိုင်ရုံမှတပါး မညှစ်သင်.ပါ။

အကယ်၍ လက်နဲ. ဆိတ်တာ ညှစ်တာလုပ်ရင် ၀က်ခြံ အမြစ် က ထဲ မှာ ပုပ် ပြီး ၀က်ခြံ အထက်မှ အေ၇ပြား တွေရောင် ပြီး တော်ရုံနဲ. မမှည်.တော.ပါဘူး။ နောက်ဆုံးပြည်တည်ပြီး မှည်.လာလို. ညှစ်ပြီးသွားရင် အချိုင်.အခွက်အနာရွက် ကျန်ခဲ.ပြီး အင်မတန်မှ အကျည်းတန်စေပါတယ်။

အမာရွက်ပျောက်ဆေးတွေရှိပေမယ်. မထိရောက် နိုင်ပါဘူး။ဒါကြောင်. ၀က်ခြံပေါက်တဲ. အချိန်မှာ အိမ်တွင်းဖြစ် ဆေးဝါးတွေနဲ.ကုသနိုင်တဲ. နည်းလမ်းတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ လိမ္မော်သီး အခွံ
လိမ္မော်သီး အခွံ ကို ရေ အနည်းငယ်ရော၍ ထောင်းပါ။ ထွက်လာသော အရည် ဖြင်. ၀က်ခြံ ပေါ်လိမ်းပါ။

၂။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူ ကိုထပ်ခြမ်းခွဲ ၍ ၀က်ခြံ ပေါ်ကို ခဏခဏပွတ်ပေးပါ။ ဒါ.အပြင် ကြက်သွန်ဖြူ ကို တရက် ၃ ဥလောက် ၁လလောက် မှန်မှန်စားကြည်.ပါ။

၃။ နံနံပင် ၊ နနွင်း
နံနံပင် ထောင်းလို.ရတဲ. အရည် လက်ဖက်ရည် တဇွန်းနဲ. နနွင်း အနည်းငယ်ရောပြီးတော.လဲ ၀က်ြံခံပေါ် လူးနိုင်ပါတယ်။

၎။ သခွားသီး
ဝက်ခြံပေါက်သော မျက်နှာ၊ လည်ပင်း၊ ကျောကုန်း ပေါ် သခွားသီး စိတ် နဲ. ၁၅ မိနစ်လောက် ကြာအောင်နေ.စဉ် ပွတ်ပေးပါ။
 ငွေကုန်သက်သွာယ်ကူတဲ့သဘာဝ နည်းလေးတွေနဲ့ လှနိုင် ကြပါစေ။

 popo Refer to:; စာဖတ်ချစ်သူ