Translate

Wednesday, July 16, 2014

ဝါတွင်းဆွမ်းဦး လောင်းလှူပွဲ



ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီဦးသိန်းအောင် ကြီးမှူး၍ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၂၁၀) ကျောင်းတွင် ၀ါဆိုဝါကပ်တော်မူကြသည့် သံဃာတော် (၂၉၆၈) ပါး အား ၁၃.၇.၂၀၁၄ ရက်နေ့ နံနက် အာရုဏ်တွင် ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ် ၀ိသာခါ တန်ဆောင်းတော်ကြီးတွင် အာရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူ ခဲ့ရာ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်စိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊မြို့မိမြို့ဖများ ဌာန ဆိုင်ရာအကြီးအကဲများ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပုသိမ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးထွန်းဝေနှင့်အဖွဲ့ဝင်များ စုစုပေါင်း (၁၀၀) ခန့် တက်ရောက်ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ၀ါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ရေစက်ချအစီအစဉ်အား ဓမ္မာရုံအတွင်း၌ ပြုလုပ်ခဲ့ရာ ကုန်းသာကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူကြပြီး သံဃာတော်များမှ မေတ္တာသုတ် ရွတ်ပွားခဲ့ပါသည်။ ထို့နောက် ၀န်ကြီးချုပ်နှင့်ဝန်ကြီးများ ၊လွှတ်တော်ဥက္ကဌ တို့သည် ၀ါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္တူပစ္စည်း များကို ဆရာတော်ကြီးများထံ ကပ်လှူခဲ့ပါသည်။ ဆက်လက်၍ မရမ်းချိုကျောင်းတိုက်ဆရာတော်ထံမှ ရေစက်ချတရားနာယူခဲ့ပြီး လှူဒါန်းမှု အစုစုကို ရေစက်သွန်းချအမျှ သုံးကြိမ်ပေးဝေကာ ပရိတ်သတ်များမှ သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရ၏ လှူဒါန်းမှုအား ဂုဏ်ပြုမှတ်တမ်းလွှာကို မြို့နယ်လုံးဆိုင်ရာ သံဃာအကျိုးတော်ဆောင်အဖွဲ့ဥက္ကဌ ဦးထွန်းဝေ မှ ၀န်ကြီးချုပ်သို့ ပေးအပ်ခဲ့ပြီး ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားပြီးဆုံးခဲ့ပါသည်။ အခမ်းအနားသို့ ကြွရောက်လာသည့် သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး လူပရိတ်သတ်များအားလည်း ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရပါသည်။. အဆိုပါအလှူပွဲတွင် ပုသိမ်မြို့ အမှတ် (၂) ရပ်ကွက်မှ သမ္မတလူငယ် နှင့် အမှတ် (၉) ရပ်ကွက်မှ စေတနာစွမ်းအား လူငယ်အဖွဲ့ (၄၀) ဦးသည် လုပ်အားဒါနအဖြစ် ပါဝင်ကုသိုလ်ယူခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment