Translate

Tuesday, August 27, 2013

လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းနှင့် အလုပ်သမား အဖွဲ့အစည်း ဥပဒေ မိတ်ဖက်ဖွံ့ဖြိုးခြင်းအလုပ်ရုံဆွေးနွေးပွဲ



လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းနှင့် အလုပ်သမား အဖွဲ့အစည်း ဥပဒေ မိတ်ဖက်ဖွံ့ဖြိုးခြင်းအလုပ်ရုံဆွေးနွေးပွဲ
(Awareness Raising Workshop ) အား ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက်ရှိ ပုသိမ်ဟိုတယ်ခန်းမ တွင် ယနေ့ ၂၇.၈.၂၀၁၃ နံနက် (၉း၀၀) အချိန်ကျင်းပပြုလုပ်ခဲ့ရာ ILO အကြံပေးအရာရှိချုပ် Patrick Quinn မှ နှုတ်ခွန်း ဆက်စကားနှင့်ဆွေးနွေးပွဲ၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာ နမှ ဦးစောနိုင် ၊ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) မှ မြန်မာနိုင်ငံတွင်ဖွဲ့စည်းပြီးသောအလုပ်သမားအဖွဲ့အစည်းပေါင်း (၆၂၂) ဖွဲ့ရှိပြီးဖြစ်ကြောင်း ၊ ဖွဲ့စည်းပြီးသည့်အဖွဲ့အစည်းများအပေါ်နိုင်ငံရေးအမြတ်မထုတ်ကြရန် လုပ်ငန်းခွင်တွင်အလုပ်ရှင်နှင့် အလုပ်သမားများ ၏လိုအပ်ချက်များကို စားပွဲဝိုင်းပေါ်တွင် ညှိနှိုင်းဆွေးနွေးအဖြေရှာကြရန် သို့မှသာနှစ်ဖက်အဆင်ပြေမှုရှိပြီး ထိုမှတစ်ဆင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အနှောက်အယှက်ဖြစ်လာနိုင်စရာ အကြောင်းမရှိပါကြောင်း (၂၀၁၁) ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်(၂၀၁၂) ခုနှစ်အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေ /နည်းဥပဒေများ ကိုရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြာသောသူများမှ မေးမြန်းချက်ကို ဦးစောနိုင်မှ ပြန်လည် ဖြေကြားခဲ့ပါသည်။ ယနေ့ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမင်း နှင့်ပုသိမ်မြို့ပေါ်ရှိ NGO များ ၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်အေးမွန်စော နှင့်ဦးစီးအရာရှိ များ ၊လုပ်ငန်းရှင်များ စုစုပေါင်း (၁၀၁) ဦးတက်ရောက်ခဲ့ပြီး (၁၂း၃၀) အချိန်တွင်အခမ်းအနားပြီးဆုံးခဲ့ကြောင်းသတင်း ရရှိပါသည်။