ဘုရားငါးဆူ ဂါထာတော် | ||||||||||
“ကကုသန္ဓော,ကောဏာဂမနော,ကဿပေါ,ဂေါတမော မုနိ၊ | ||||||||||
မေတ္တေယျော ပဉ္စဗုဒ္ဓေတေ၊သိသေမေ သေန္တုသဗ္ဗဒါ။” | ||||||||||
ဖော်ပြပါ ဂါထာသည် ယခုကျွန်တော်တို့၏ဘဒ္ဒကပ်ကမ္ဘာတွင် ပွင့်တော်မူပြီးသော ဘုရားရှင် ၄-ဆူနှင့် | ||||||||||
နောင်ပွင့်ရန်ကျန်သေးသည့် ဘုရားရှင် ၁-ဆူ ပေါင်းဘုရားငါးဆူအား ရှိခိုးပူဇော်သော ဂါထာဖြစ်ပါသည်။ | ||||||||||
ဤဂါထာကို ယုံကြည်သဒ္ဓါဖြင့် ရွတ်ပွားပူဇော်ပါက လောကီလောကုတ် ၂-ဖြာသောအကျိုးများရရှိခံစားရပါမည်။ | ||||||||||
စာရှုသူတို့ ယုံကြည်သဒ္ဓါတရားထက်သန်စေရန်အတွက် မြတ်ဘုရားရှင်တို့၏ အကြောင်းအနှစ်ချုပ်ဖော်ပြပါမည်။ | ||||||||||
ကျွန်တော်တို့ ကမ္ဘာမတိုင်မီ အတိတ် လွန်ခဲ့ပြီးသော ၃၁-ကမ္ဘာအထက်တွင် သိခီ,ဝေဿဘူ မြတ်စွာဘုရား | ||||||||||
၂-ဆူ ပွင့်တော်မူခဲ့သော မဏ္ဍကမ္ဘာဖြစ်ခဲ့၏။သိခီ,ဝေဿဘူ မြတ်စွာဘုရား၂-ဆူ ပွင့်တော်မူရာ မဏ္ဍကမ္ဘာကြီး | ||||||||||
ကုန်ဆုံးပျက်စီးသွားပြီးနောက် ဘုရားပွင့်တော်မူခြင်းမှ ဆိတ်သုန်းသော သုညကမ္ဘာပေါင်း(၂၉)ကမ္ဘာဖြစ်ပေါ်ခဲ့ | ||||||||||
ပြီး အသီးသီးကုန်ဆုံးပျက်စီးသွားပြီးနောက်တွင် ဖြစ်လာသောကမ္ဘာကား(၁)ကကုသန္ဓမြတ်စွာဘုရား၊ | ||||||||||
(၂)ကောဏာဂမနမြတ်စွာဘုရား၊(၃)ကဿပမြတ်စွာဘုရား၊(၄)ဂေါတမမြတ်စွာဘုရား၊(၅)အရိမေတ္တေယျ | ||||||||||
မြတ်စွာဘုရား ဟူသော မြတ်စွာဘုရား ငါးဆူ ပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာပင်ဖြစ်ပါသည်။ | ||||||||||
(၁)ကကုသန္ဓမြတ်စွာဘုရား | ||||||||||
ဤဘဒ္ဒကမ္ဘာတွင် အန္တရကပ်ပေါင်း ၆၄-ကပ်ရှိရာ(မယာရာဇဝင်ကြီးအလိုအားဖြင့်)၈-ခုမြောက်သောအန္တရ | ||||||||||
ကပ်၌၊(မှန်နန်းရာဇဝင်အလိုအားဖြင့်) ပထမ ၁-ခုမြောက်သောအန္တရကပ်၌ လူတို့၏သက်တမ်းသည် အသင်္ချေ | ||||||||||
ယျတမ်းမှ တရွေ့ရွေ့ဆုတ်ယုတ်လာခဲ့ရာ အနှစ်လေးသောင်း(၄၀၀၀၀)တမ်းသို့ရောက်လျှင်ကကုသန်မြတ်စွာ | ||||||||||
ဘုရား ပွင့်တော်မူခဲ့၏။ကကုသန်မြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ ရှေးဦးပထမ | ||||||||||
ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ အာဇာနည်မြင်း | ||||||||||
ကသော ရထားယာဉ်၊ဒုက္ကရစရိယာ အကျင့်မြတ်ကို ၈-လကြာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ | ||||||||||
မဟာသိရီသရုက္ခဗောဓိ=ကုက္ကိုပင်ဗောဓိဖြစ်သည်။ကကုသန်မြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့် | ||||||||||
မှာ အတောင်(၄၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ ၁၀-ယူဇနာအရပ်ထိ ပျံ့နှံ့တော်မူ၏။ | ||||||||||
လူတို့၏သက်တမ်း အနှစ် လေးသောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော် | ||||||||||
သုံးသောင်းနှစ်ထောင်(၃၂၀၀၀)ရှိတော်မူသောအခါ ခေမမည်သော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီး | ||||||||||
ဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်လောင်ကျွမ်းပြီးသောအခါ တစ်လုံးတစ်ခဲ | ||||||||||
တည်းကြွင်းကျန်တည်ရှိသော ဧကဂ္ဃနိက အသမ္ဘိန္နဓာတ်တော်ကို ထိုခေမမည်သော အရာမ်ကြီးအတွင်း၌ | ||||||||||
တစ်ဂါဝုတ်မျှ အမြင့်ပမာဏရှိ ဓာတုစေတီတည်ကာ ဌာပနာသွင်း၍ နတ်လူများစွာ သတ္တဝါတို့သည် မြတ်နိုး | ||||||||||
ရိုသေစွာ ကိုးကွယ်ပူဇော်ကြလေကုန်၏။ | ||||||||||
(၂)ကောဏာဂမနမြတ်စွာဘုရား | ||||||||||
ကကုသန္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ်လေးသောင်းတမ်းမှ | ||||||||||
တရွေ့ရွေ့ဆုတ်ယုတ်လာရာ ၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက် ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ | ||||||||||
အသက်အသင်္ချေယျတမ်းသို့ ဆိုက်ရောက်လာပြီး တဖန် ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့ | ||||||||||
၏ အသက်တမ်း အနှစ်သုံးသောင်း(၃၀၀၀၀)တမ်းသို့ရောက်လျှင် ကောဏာဂုံမြတ်စွာဘုရားပွင့်တော်ခဲ့မူ၏။ | ||||||||||
ဘုရားတစ်ဆူနှင့် တစ်ဆူအကြား မြေကြီးအထု ၁-ယူဇနာတက်၏။(၁-ယူဇနာ= ၁၂-မိုင်ရှိ၏) | ||||||||||
ကောဏာဂုံမြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ ဒုတိယမြောက် | ||||||||||
ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ ဆင်ယာဉ် | ||||||||||
ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို ၆-လကြာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ ဥဒမ္ဗရ | ||||||||||
ရုက္ခဗောဓိ=ရေသဖန်းပင်ဗောဓိဖြစ်သည်။ကောဏာဂုံမြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့် | ||||||||||
မှာ အတောင်(၃၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ ၃-ယူဇနာအရပ်ထိ ပျံ့နှံ့တော်မူ၏။ | ||||||||||
လူတို့၏သက်တမ်း အနှစ် လေးသောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော် | ||||||||||
နှစ်သောင်းလေးထောင်(၂၄၀၀၀)ရှိတော်မူသောအခါ ပဗ္ဗတမည်သော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန်ဝင်စံချုပ် | ||||||||||
ပြီးဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်လောင်ကျွမ်းပြီးသောအခါ ဓာတ်တော်များ | ||||||||||
သည် အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ်အမွှာမွှာကွဲပြားသွား၍ နတ်လူဗြဟ္မာ သတ္တဝါတို့သည် ဇဗ္ဗူဒိတ် | ||||||||||
ကျွန်းလုံးအနှံ့ ဓာတုစေတီတော်များတည်ကာ ဌာပနာသွင်း၍ မြတ်နိုးရိုသေစွာ ကိုးကွယ်ပူဇော်ကြလေကုန်၏။ | ||||||||||
(၃)ကဿပမြတ်စွာဘုရား | ||||||||||
ကောဏာဂုံမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ်သုံးးသောင်းတမ်းမှ | ||||||||||
တရွေ့ရွေ့ဆုတ်ယုတ်လာရာ ၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက် ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ | ||||||||||
အသက်အသင်္ချေယျတမ်းသို့ ဆိုက်ရောက်လာပြီး တဖန် ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့ | ||||||||||
၏ အသက်တမ်း အနှစ်နှစ်သောင်း(၂၀၀၀၀)တမ်းသို့ရောက်လျှင် ကဿပမြတ်စွာဘုရားပွင့်တော်ခဲ့မူ၏။ | ||||||||||
ဘုရားတစ်ဆူနှင့် တစ်ဆူအကြား မြေကြီးအထု ၁-ယူဇနာတက်၏။(၁-ယူဇနာ= ၁၂-မိုင်ရှိ၏) | ||||||||||
ကဿပမြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ တတိယမြောက် | ||||||||||
ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ စံနန်းပြာဿဒ် | ||||||||||
ယာဉ်ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို ၇-ရက်မျှသာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ နိဂြောဓ | ||||||||||
ရုက္ခဗောဓိ=ပညောင်ပင်ဗောဓိဖြစ်သည်။ကဿပမြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်မှာ အတောင် | ||||||||||
(၂၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ ၁-ယူဇနာမျှအရပ်ထိ ပျံ့နှံ့တော်မူ၏။ထိုအခါ | ||||||||||
လူတို့၏သက်တမ်း အနှစ် နှစ်သောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော် | ||||||||||
တစ်သောင်းခြောက်ထောင်(၁၆၀၀၀)ရှိတော်မူသောအခါ ကာသိတိုင်း၊သေတဗျမြို့အနီး သေတဗျမည်သော | ||||||||||
ဥယျာဉ်ကြီးအတွင်း၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ် | ||||||||||
လောင်ကျွမ်းပြီးသောအခါ တစ်လုံးတစ်ခဲ တည်းကြွင်းကျန်တည်ရှိသော ဧကဂ္ဃနိက အသမ္ဘိန္နဓာတ်တော်ကို | ||||||||||
ဇဗ္ဗူဒိတ်သူ ဗိုလ်လူအများသည် တစ်ချပ်တစ်ချပ်လျှင် အဖိုးများစွာထိုက်သော ရတနာဖြင့်ပြီးသော အုတ်တို့ဖြင့် | ||||||||||
တစ်ယူဇနာအမြင့်ရှိသော စေတီတော်ကြီးတည်ကာ ဌာပနာသွင်း၍ နတ်လူများစွာ သတ္တဝါတို့သည် မြတ်နိုး | ||||||||||
ရိုသေစွာ ကိုးကွယ်ပူဇော်ကြလေကုန်၏။ | ||||||||||
(၄)ဂေါတမမြတ်စွာဘုရား | ||||||||||
ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ် နှစ်သောင်းတမ်းမှ | ||||||||||
တရွေ့ရွေ့ဆုတ်ယုတ်လာရာ ၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက် ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ | ||||||||||
အသက်အသင်္ချေယျတမ်းသို့ ဆိုက်ရောက်လာပြီး တဖန် ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့ | ||||||||||
၏ အသက်တမ်း အနှစ်တစ်ရာ(၁၀၀)တမ်းသို့ရောက်လျှင် ကျွန်တော်တို့ကိုးကွယ်သော ဂေါတမမြတ်စွာဘုရား | ||||||||||
ပွင့်တော်မူခဲ့၏။ဘုရားတစ်ဆူနှင့် တစ်ဆူအကြား မြေကြီးအထု ၁-ယူဇနာခွဲတက်၏။(၁-ယူဇနာ= ၁၂-မိုင်ရှိ၏) | ||||||||||
ကျွန်တော်တို့ကိုးကွယ်သော ဂေါတမမြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ စတုတ္ထ | ||||||||||
မြောက်ပွင့်တော်မူသော မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာကဏ္ဍက | ||||||||||
မည်သောအာဇာနည်မြင်းယာဉ်ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို ၆-နှစ်အထိကျင့်တော်မူ၍ မှီ၍ပွင့်သော | ||||||||||
ဗောဓိပင်မှာ အဿတ္တရုက္ခဗောဓိ=ညောင်ဗုဒ္ဓဟေပင်ဗောဓိဖြစ်သည်။ဂေါတမမြတ်စွာဘုရား၏အရပ်တော် | ||||||||||
(ဉာဏ်တော်)အမြင့်မှာ (၁၈)တောင်ဖြစ်သည်။ကိုယ်တော်မှထွက်သောရောင်ခြည်တော်မှာ ယူဇနာလေးထောင် | ||||||||||
အရပ်ထိ ပျံ့နှံ့တော်မူ၏။ လူတို့၏သက်တမ်း အနှစ် တစ်ရာတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော | ||||||||||
အသက်တော် အနှစ်(၈၀)ရှိတော်မူသောအခါ ကုသိနာရုံပြည်အနီးမလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်ကြီးအတွင်း | ||||||||||
၌ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးဘုံဇာတ်သိမ်းတော်မူသည်။ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်လောင်ကျွမ်းပြီးသော | ||||||||||
အခါ ဓာတ်တော်များသည် အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ်အမွှာမွှာကြွင်းကျန်ရစ်သောဓာတ်တော်များကို | ||||||||||
၇-ပြည်ထောင်မင်းတို့ အညီအမျှ ခွဲဝေယူကြပြီး နောင်သော်ဇဗ္ဗူဒီပါကျွန်းအရပ်ရပ်ပျံ့နှံ့သွားကာ ဇဗ္ဗူဒီပါကျွန်းသူ | ||||||||||
လူအများတို့သည် ဓာတုစေတီတော်များတည်ကာ ဌာပနာသွင်း၍ မြတ်နိုးရိုသေစွာ ကိုးကွယ်ပူဇော်ကြ | ||||||||||
လေကုန်၏။ | ||||||||||
ကျွန်တော်တို့ကိုးကွယ်သော ဂေါတမမြတ်စွာဘုရားသည် ဆုတ်ကပ်ကာလလူတို့၏အသက် တစ်ရာတမ်း၌ | ||||||||||
ပွင့်တော်မူခဲ့ပြီး ပရိနိဗ္ဗာန်ဝင်စံတော်မူခဲ့သဖြင့် သက်တမ်းအတိုဆုံး ဘုရားဖြစ်၏။မြတ်စွာဘုရားရှင်တို့ ပွင့်တော် | ||||||||||
မူမြဲဖြစ်တော်မူသော ခေတ်ကာလမှာ သက်တမ်းဆုတ်ယုတ်နေသော ဆုတ်ကပ်(အာယုဟာယနကပ်)ကာလ၌ | ||||||||||
ပွင့်တော်မူမြဲဖြစ်၏။သက်တမ်းတက်ကပ်(အာယုဝဍ္ဎနကပ်)ကာလ၌ကားပွင့်တော်မမူကြပေ။သက်တမ်းဆုတ် | ||||||||||
ယုတ်သောအခါ လူတို့၏အသက် တစ်သိန်းတမ်းနှင့် အသက် တစ်ရာတမ်းအတွင်းသာ ပွင့်တော်မူမြဲဖြစ်၏။ | ||||||||||
အကြောင်းမူကား သက်တမ်း တစ်သိန်းအထက်၌ လူတို့၏သက်တမ်း လွန်စွာရှည်လျားသောအခါ ဖြစ်၍ မြတ် | ||||||||||
စွာဘုရား တရားဟောသော်လည်း အနိစ္စသဘောလက္ခဏာ၊ဒုက္ခသဘောလက္ခဏာ၊အနတ္တသဘောလက္ခဏာ | ||||||||||
တို့ကို မမြင်နိုင်ကြလေကုန်။လူတို့၏အသက် တစ်ရာတမ်းအောက်၌ သတ္တဝါတို့ လောဘ၊ဒေါသ၊မာန၊ဣသာ၊ | ||||||||||
မစ္ဆရိယ စသော အကုသိုလ် ကိလေသာတရားများလွန်စွာထူပြောများပြာလှသောကြောင့် မြတ်စွာဘုရား | ||||||||||
ဟောကြားသော တရားတော်ကို ဉာဏ်ရနိုင်ခြင်းမရှိကြလေကုန်။ထိုသို့ဖြစ်သောကြောင့် လူတို့၏အသက် | ||||||||||
တစ်သိန်းတမ်းအထက်နှင့် တစ်ရာတမ်းမှအောက် မြတ်စွာဘုရားများပွင့်တော်မမူကြခြင်းဖြစ်လေသည်။ | ||||||||||
ဂေါတမမြတ်စွာဘုရားရှင် ထားတော်မူခဲ့သော သာသနာတော်သည်ကား အနှစ်ငါးထောင်(၅၀၀၀)တည်လိမ့် | ||||||||||
မည်။ | ||||||||||
(၅)အရိမေတ္တေယျမြတ်စွာဘုရား | ||||||||||
ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးနောက် လူတို့၏ အသက်တမ်း အနှစ် နှစ်တစ်ရာတမ်းမှ | ||||||||||
တရွေ့ရွေ့ဆုတ်ယုတ်လာရာ ၁၀-နှစ်တမ်းအထိဖြစ်၏။ထို့နောက် ၁၀-နှစ်တမ်းမှတရွေ့ရွေ့တက်လာပြန်ရာ | ||||||||||
အသက်အသင်္ချေယျတမ်းသို့ ဆိုက်ရောက်လာပြီး တဖန် ထိုအသင်္ချေယျတမ်းမှတရွေ့ရွေ့ဆုတ်လာပြန်ရာလူတို့ | ||||||||||
၏ အသက်တမ်း အနှစ်ရှစ်သောင်း(၈၀၀၀၀)တမ်းသို့ရောက်လျှင် အရိမေတ္တေယျမြတ်စွာဘုရား ပွင့်တော်မူလိမ့် | ||||||||||
မည်။ | ||||||||||
အရိမေတ္တေယျ မြတ်စွာဘုရားသည် ဘုရားငါးဆူ ပွင့်တော်မူရာဘဒ္ဒဤကမ္ဘာ၌ ပဉ္စမမြောက် နောက်ဆုံး | ||||||||||
ပွင့်တော်မူမည့် မြတ်စွာဘုရားဖြစ်တော်မူသည်။တောထွက်တော်မူသောအခါ စီးတော်ယာဉ်မှာ စံနန်းပြာဿဒ် | ||||||||||
ပျံယာဉ်ဖြစ်ပြီး ဒုက္ကရစရိယာ အကျင့်မြတ်ကို ၆-ရက်မျှသာ ကျင့်တော်မူ၍ မှီ၍ပွင့်သော ဗောဓိပင်မှာ နာဂ | ||||||||||
ရုက္ခဗောဓိ=ကံ့ကော်ပင်ဗောဓိဖြစ်မည်။ကဿပမြတ်စွာဘုရား၏အရပ်တော်(ဉာဏ်တော်)အမြင့်မှာ အတောင် | ||||||||||
(၈၀)ဖြစ်သည်။ကိုယ်တော်မှထွက်သော ရောင်ခြည်တော်မှာ အလိုတော်ရှိတိုင်း ဖြန့်ကျက်တော်မူနိုင်လိမ့်မည်။ | ||||||||||
ထိုအခါလူတို့၏သက်တမ်း အနှစ် ရှစ်သောင်းတမ်းဖြစ်၍ ထိုသက်တမ်း၏ ငါးပုံလေးပုံဖြစ်သော အသက်တော် | ||||||||||
ခြောက်သောင်းလေးထောင်(၆၄၀၀၀)ရှိတော်မူသောအခါ ပရိနိဗ္ဗာန်ဝင်စံချုပ်ပြီးဘုံဇာတ်သိမ်းတော်မူလိမ့်မည်။ | ||||||||||
ပရိနိဗ္ဗာန်ဝင်စံတော်မူ၍ တေဇောဓာတ်လောင်ကျွမ်းပြီးသောအခါ ကြွင်းကျန်ရစ်သောဓာတ်တော်များကိုလည်း | ||||||||||
နတ်လူအပေါင်းတို့သည် စေတီများတည်ကာ ဌာပနာသွင်း၍ ရိုသေမြတ်နိုးစွာ ကိုးကွယ်ပူဇော်ကြလိမ့်မည်ပင် | ||||||||||
ဖြစ်ပေသတည်း။အရိမေတ္တေယျမြတ်စွာဘုရားထားတော်မူခဲ့သော သာသနာတော်သည်ကား အနှစ်သုံးသိန်း | ||||||||||
ရှစ်သောင်း(၃၈၀၀၀၀)ဖြစ်လိမ့်မည်။ | ||||||||||
ယခုကျွန်တော်တို့နေထိုင်ရာ ဤ ကမ္ဘာကား မြတ်စွာဘုရား ငါးဆူအထိပွင့်တော်မူမည့် ဘဒ္ဒကမ္ဘာဖြစ်ပါ | ||||||||||
သဖြင့် လွန်စွာမှ ကုသိုလ်ထူး လူဖြစ်ရကျိုးနပ်ပါ၏။ ကုန်ဆုံးပျက်စီးခဲ့သော လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း | ||||||||||
အထက်တွင် မြတ်စွာဘုရားရှင် ငါးဆူအထိပွင့်တော်မူမည့် တစ်ခုတည်းသောကမ္ဘာဖြစ်ပါ၍ မြတ်စွာဘုရား | ||||||||||
သူတော်ကောင်းတရား ငါးကြိမ်တိတိနာကြားခွင့်ကြုံပါသည်။ခဏဖြစ်ရ,လူ့ဘဝ အနှစ်ရအောင် ကြိုးစားကြဖို့ရန် | ||||||||||
တိုက်တွန်းလိုက်ရပါသည်။ | ||||||||||
ဤစာစုကို အရှင်ကောဝိဒဓဇ(ပါဠိပါရဂူ၊ဝိနယပါရဂူ၊သာ-သီ-ဓ၊ဂဏဝါစက၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ) | ||||||||||
ရေးသားတော်မူသော“မြတ်ဘုရားရှင် နှစ်ကျိပ်ကိုးဆူဝင်”ကျမ်းစာအား မှီငြမ်းရေးသားပါသည်။ |
Tags: ဂါထာ, ဘုရားငါးဆူ
No comments:
Post a Comment