Translate

Wednesday, July 16, 2014

မြန်မာအမျိုးသမီးများနေ့ Myanmar Women's Day ပုသိမ်မြို့တွင်ကျင်းပ






မြန်မာအမျိုးသမီးများနေ့ Myanmar Women's Day အခမ်းအနားအား 3-7-2014 နံနက် (၉) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ် (၄) ရပ်ကွက် ကမ်းနားလမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဦးစွာ မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြု တေးသီချင်းများနှင့်ဖျော်ဖြေခဲ့ပြီး အထက ၅ သက်ငယ်ကျောင်းသူ ကလေးများက ဇာတိမာန်သီချင်းဖြင့် လည်းကောင်း သီဆိုခဲ့ပါသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌ ဒေါ်သက်သက်ဆွေမှ ဂုဏ်ပြု စာတမ်း အားဖတ်ကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့သို့ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အလှူရှင် များမှ အလှူငွေများလှူဒါန်းခဲ့ရာ တိုင်းဒေသကြီး အမျိုးသမီးရေးရာနာယက နာယကဒေါ်ဌေးဌေးမြင့် နှင့် ၀န်ကြီးများ၏ ဇနီးများ က အသီးသီး လက်ခံရယူခဲ့ပါသည်။ ယနေ့ အလှူရှင်များလှူဒါန်းငွေမှာ ၁၇၆ သိန်း ၅ သောင်း ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ဆက်လက်၍ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ရာ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း ၆ ဘာသာဂုဏ်ထူးရှင် ၁၆ ဦး ၀ိဇ္ဖာဘာသာတွဲ အမှတ် အများဆုံးဆုရသူ ၄ ဦး နှစ်ထပ်ကွမ်း လူရည်ချွန်ဆုရသူ ၈ ဦး ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ (ရိုးရာလှေ) ဆုရသူ ၁၂ ဦး နိုင်ငံတော် အဆင့်မူယစ်ဆေးဝါးဆန့်ကျင်ရေး ဆောင်းပါးပြိုင်ပွဲ ဆုရသူတစ်ဦး မြန်မာနိုင်ငံစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (ဗဟို) အဆင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမ ဆုရ တစ်ဦးနှင့်တက္ကသိုလ်ကောလိပ်အဆင့် စာစီစာကုံးပြိုင်ပွဲ ဒုတိယဆုရတစ်ဦး သုဓမ္မ သိဂ်ီဘွဲ့ရ တစ်ဦးသွေးလှူဒါန်းမှုအကြိမ်အများဆုံး တစ်ဦး ဆီးဂိမ်း ပြိုင်ပွဲ ပိုက်ကျော်ခြင်း ၊ ဂျူဒို ၊ကနူးကယက် ၊စစ်တုရင် ၊အပြည်ပြည်ဆိုင်ရာလှေ ၊အလေးမ ၊ရေကူး ၊တိုင်းအဆင့်စာစီစာကုံးပြိုင်ပွဲ ဆုရသူ ၁၄ဦး တိုင်းအဆင့်ကဗျာပြိုင်ပွဲ ဆုရ ၉ ဦးတို့အား ဆုအသီးသီးချီးမြှင့်ခဲ့ပါသည်။ ဆုပေးပွဲများနှင့်အတူ ပုသိမ်တက္ကသိုလ် ကျောင်းသူလေးများ၏ ပြည်ထောင်စုအလှ သီချင်း ပညာရေးကောလိပ် ကျောင်းသူလေးများ၏ ပုခက်လွဲသောလက်များ သီချင်း များဖြင့် သီဆို ဂုဏ်ပြု ကပြ ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအမျိုးသမီးရောရာအဖွဲ့၏ တိုင်းအတွင်းလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား ဗီဒီယိုစလိုက်ဖြင့်ပြသ ခဲ့ပြီး ပုသိမ်တက္ကသိုလ် ကျောင်းသူလေးများမှ စွမ်းဆောင်ရှင်အလှ က္ကတ္ထိယဖြင့်ကပြ ဖျော်ဖြေတင်ဆက်ခဲ့ပြီး အခမ်းအနားကို ၁၁း၁၅ အချိန်တွင် ပြီးဆုံးခဲ့ပါသည်။ အခမ်းအနားအပြီး နာယကနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် ခန်းမအတွင်းပြသထားသည့် လှူပ်ရှားမှုဓါတ်ပုံများအား ကြည့်ရှု့ခဲ့ကြောင်း သိရှိရပါသည်။ ယနေ့အခမ်းအနားသို့ တိုင်းဒေသကြီး အမျိုးသမီးရေး ရာ ဥက္ကဌ ဒေါ်သက်သက်ဆွေနှင့် အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းရှင်များ၊ အလှူရှင်များ ၊မိခင်နှင့်ကလေး အဖွဲ့ဝင်များ တိုင်း/ခရိုင်/ မြို့နယ် အဆင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ဌာနဆိုင်ရာအကြီးအကဲများ ၊စုစုပေါင်း ၆၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment