ဓမ္မစက္ကပ္ပ၀တ္တနသုတ္တန် ခေါ် ဓမ္မစကြာ သုတ် နှင့် အနတ္တလက္ခဏါသုတ် တော်သည် ဘုရားရှင်၏ တရားဦးဒေသနာတော် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် ဗုဒ္ဓမြတ်စွာ၏
တရားဦးဒေသနာ ( BUDDHA'S FIRST SERMONS ကို ခရစ်တော် မပေါ်မီ 544
နှစ် ( BC 544 ) တွင် ဟောတော်မူခဲ့ပါသည်။
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည် အနော်မာသောင်ကမ်း၌ ဆံတော်ကိုပယ်ကာ တောသို့ဝင်ပြီး အာဠာရ နှင့် ဥဒက ရသေ့ကြီး နှစ်ပါးထံနည်းခံ၍ တရားကျင့်ရာ လောကီဈာန်သမာပတ်များကို သာရ၍ အမတ နိဗ္ဗာန် တရားမှန်ကို မရသဖြင့် ထိုအရပ်မှ ဖဲခွာခဲ့ လေသည်။
ဥရုဝေလတော နေရဉ္စနာမြစ်ကမ်းပါးတွင် ပဉ္စ၀ဂ္ဂီ ငါးဦးတို့၏ လုပ်ကျွေးပြုစုမှုကို ခံယူ၍ ဒုက္ကစရိယာခြောက်နှစ်ကြာအောင် ကျင့်ပါသော်လည်း အမတ နိဗ္ဗာန် တရားမှန်ကို မရသဖြင့် ပြင်းထန်သော အကျင့်ကို စွန့်ပယ်၍ တရားလမ်းကြောင်းပြောင်းရန် အစာရေစာများ ပြန်လည်မှီဝဲသဖြင့် ပဉ္စ၀ဂ္ဂီငါးဦးတို့က တရားထူး ရတော့မှာမဟုတ်ဟု အထင်လွဲကာ ဖဲခွာထွက်သွားကြလေတော့သည်။
အလောင်းတော်သည် ပြင်းထန်လွန်းသော နှစ်ဖက်စွန်း ကျင့်စဉ်ကိုပယ်၍ အလယ်အလတ် မဇ္ဖျိမပဋိပဒါ သမထ ဘာဝနာကျင့်စဉ်ဖြင့် မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့်နေ့တွင် ဗောဓိပင်နှင့် ရွှေပလ္လင် ပေါ်၌ သဗ္ဗညုတဘုရားရှင် ဖြစ်တော်မူခဲ့ပါသည်။
ဘုရားဖြစ်လျှင်ဖြစ်ချင်း ပထမဆရာများဖြစ်ခဲ့သော အာဠာရနှင့် ဥဒကရသေ့နှစ်ပါးထံ ကျေးဇူးဆပ်တရားဟောရန် ဆင်ခြင်ရာ စုတေကုန်ကြပြီဖြစ်၍ ဥရုဝေလတောတွင် အနီးကပ်အလုပ်အကျွေးပြုစုခဲ့သော ပဥ္ဒ၀ဂ္ဂီငါးဦးတို့ရှိရာ မိဂဒါဝုန်တောသို့ကြွ၍ ၀ါဆိုလပြည့်နေ့၌ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်တော်ကို ဟောတော်မူခဲ့သည် ဖြစ်ပါကြောင်း။
- ဗုဒ္ဒမြတ်စွာ တရားဦး BUDDHA'S FIRST SERMONS ( 544 B.C )
- { ဗုဒ္ဓ အဖြစ်သို့ ရောက်ခြင်း}
- အဂ္ဂမဟာပဏ္ဍိတ ပိဋကတ္တယ ပါရဂူ သုတဗုဒ္ဒ ဘုရားတစ်ဆူ ပျံ့ကြူကျော်ကြားတော်မူသော ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး Ven.LEDI SAYADAW ( 1846-1923 ){ ပါဠိမှ မြန်မာ ပြန်ဆိုတော်မူခြင်း )
- ၀ိသုဒ္ဒိမဂ္ဂ အင်္ဂလိပ် ဘာသာပြန်အတွက် ယိုးဒယားဘုရင်မင်းမြတ်၏ ဆုချီးမြှင့်ခံရသော။ ဆရာကြီး ဦးဖေမောင်တင် Dr. PE MAUNG TIN ( 1888 - 1973 )( မြန်မာမှ အင်္ဂလိပ် ပြန်ဆိုတော်မူခြင်း )
http://www.edinooyin.com
No comments:
Post a Comment