Translate
Wednesday, July 16, 2014
Dong Long ကုမဏီလီမီတက် အထည်ချုပ်စက်ရုံဖွင့်ပွဲ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ် (၃) ရပ်ကွက် စက်မှုဇုံအတွင်းရှိ Dong Long Pathein Garnent Co.Ltd Opening Ceremony စက်ရုံဖွင့်ပွဲ အခမ်းအနားအား ၁.၇.၂၀၁၄ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်တွင် အဆိုပါစက်ရုံ ၀န်းအတွင်း၌ ကျင်းပပြုလုပ် ခဲ့ပါသည်။ စက်ရုံဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီး ဦးစောမြသိန်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ခင်စီ ၊ ShanHai Dong Long Featgher Manufacture Co.Ltd, Chairman MrGuoLian Xue နှင့် Ms yao Xiao Man တာဝန်ရှိသူများမှ ဖဲကြိုဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ အဆိုပါအထည်ချုပ်စက်ရုံကမ္မည်းမော်ကွန်းအား ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့်ဝန်ကြီးများက အမွှေးနံ့သာရည်များပတ်ဖြန်းပေးခဲ့ပါသည်။ ထို့နောက် ၀န်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စက်ရုံ အတွင်းလှည့်လည်ကြည်ရှု့ခဲ့ပြီး စက်ရုံအတွင်းရှိ ခန်းမကြီးတွင် အခမ်းအနားဖွင့်လှစ်ပွဲဒုတိယပိုင်း ဆက်လက်ကျင်းပခဲ့ရာ ဦးစွာ ၀န်ကြီးချုပ် ဦးသိန်းအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ “၀န်ကြီးချုပ်မှ ပြောကြားရာတွင် စက်ရုံပိုင်ရှင်နှင့် ဧည့်သည်တော်များ ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ နွေးထွေးစွာကြိုဆိုပါကြောင်း ဖွင့်ပွဲသို့တက်ေ၇ာက်ဖွင့်လှစ်ပေးရသည့်အတွက်ကျေးဇူးတင်ရှိကြောင်း စက်ရုံပေါ်ပေါက်လာမှုအပေါ် ဧရာဝတီတိုင်းအတွင်းမှ အထူးသဖြင့် ပုသိမ်မြို့နှင့်မနီးမဝေး မြို့များတွင်နေထိုင်သည်သူများသည် အလုပ် အကိုင်အခွင့်အရေးများ ရရှိလာမှုအပေါ် ကျေးဇူးတင်ရှိကြောင်း စက်ရုံဖွင့်ပွဲသို့ကြွရောက်လာသူများအစိုးရအဖွဲ့နှင့် NGO များသည် အဆိုပါ စက်ရုံကြီးကို ကူညီစောင့်ရှောက်မည်ဖြစ်ကြောင်း ပြည်ပမှရောက်ရှိလာသည့်ဧည့်သည်များ ပုသိမ်မြို့တွင် အေးချမ်းစွာ နေထိုင်သွား ရန်တိုင်းအတွင်း၌ အဆိုပါစက်၇ုံမျိုး ၁၅ ရုံဖွင့်ရန် စီစဉ်ထားကြောင်း စက်ရံမပြီးမီဒုတိယသမ္မတ လာရောက်ကြည်ရှု့ခဲ့ပြီး မကြာ သေးမီရက်ပိုင်းအတွင်းက သမ္မတကြီးဦးသိန်းစိန်လာရောက်ကြည့်ရှု့ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အဆိုပါစက်ရုံဥက္ကဌ နှင့် ရန်ကုန်အခြေစိုက် တရုတ်စီးပွားရေး ပညာရှင်များမှ အသီးသီးအမှာစကားများပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် ဥက္ကဌ ဦးမြင့်စိုးမှ ကျေးဇူးတင်ရှိကြောင်းပြန်လည်ပြောကြားပြီး စက်ရုံဓာတ်ပုံများကို အမှတ်တရပေးအပ်ခဲ့ပါသည်။ တိုင်းအတွင်း တိုးတက်မှုများဆောင်ရွက်နိုင်ရန် စည်ပင်ဝန်ကြီး ဦးကျော်ဝင်းနိုင်ထံသို့ ၄၅ သိန်း ပုသိမ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးချစ်ကိုကိုသို ၂၅ သိန်းချီးမြှင့်ခဲ့ပါသည်။ ထို့နောက် အခမ်းအနားအား နေ့လည် (၁) နာရီအချိန်တွင်အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းနှင့်ယခုလည်ပတ်နေသည့် စက်၇ုံလုပ်သား (၃၀၀၀) လိုအပ် မည်ဖြစ်ပြီးလက်ရှိလုပ်သား (၈၅၀) ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း အလုပ်ချိန်မှာနံနက် (၇) နာရီမှညနေ (၆း၃၀) အထိဖြစ်ပြီး စက်ရုံ တွင်အလုပ်မလုပ်မီ သင်တန်း (၁) ပတ် စရိတ်ငြိမ်း သင်ကြားပို့ခဲ့ကြောင်းသိရှီရပါသည်။အဆိုပါအခမ်းအနားသို့ ၀န်ကြီးချုပ် ဦးသိန်းအောင်နှင့် ၀န်ကြီးများ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တိုင်း/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ မြို့မိ မြို့ဖများ NGOများ အုပ်ချုပ်ရေးမှူးများ ၊စက်ရုံဒါရိုက်တာများ ဂျပန်နိုင်ငံမှ ဧည့်သည်တော်များ စက်ရုံဝန်ထမ်းများ စုစုပေါင်း (၇၀၀) ခန့် တက်ရောက်ခဲ့ပါသည်။
မြန်မာအမျိုးသမီးများနေ့ Myanmar Women's Day ပုသိမ်မြို့တွင်ကျင်းပ
မြန်မာအမျိုးသမီးများနေ့ Myanmar Women's Day အခမ်းအနားအား 3-7-2014 နံနက် (၉) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အမှတ် (၄) ရပ်ကွက် ကမ်းနားလမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဦးစွာ မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြု တေးသီချင်းများနှင့်ဖျော်ဖြေခဲ့ပြီး အထက ၅ သက်ငယ်ကျောင်းသူ ကလေးများက ဇာတိမာန်သီချင်းဖြင့် လည်းကောင်း သီဆိုခဲ့ပါသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာ အဖွဲ့ဥက္ကဌ ဒေါ်သက်သက်ဆွေမှ ဂုဏ်ပြု စာတမ်း အားဖတ်ကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့သို့ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အလှူရှင် များမှ အလှူငွေများလှူဒါန်းခဲ့ရာ တိုင်းဒေသကြီး အမျိုးသမီးရေးရာနာယက နာယကဒေါ်ဌေးဌေးမြင့် နှင့် ၀န်ကြီးများ၏ ဇနီးများ က အသီးသီး လက်ခံရယူခဲ့ပါသည်။ ယနေ့ အလှူရှင်များလှူဒါန်းငွေမှာ ၁၇၆ သိန်း ၅ သောင်း ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ဆက်လက်၍ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ရာ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း ၆ ဘာသာဂုဏ်ထူးရှင် ၁၆ ဦး ၀ိဇ္ဖာဘာသာတွဲ အမှတ် အများဆုံးဆုရသူ ၄ ဦး နှစ်ထပ်ကွမ်း လူရည်ချွန်ဆုရသူ ၈ ဦး ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ (ရိုးရာလှေ) ဆုရသူ ၁၂ ဦး နိုင်ငံတော် အဆင့်မူယစ်ဆေးဝါးဆန့်ကျင်ရေး ဆောင်းပါးပြိုင်ပွဲ ဆုရသူတစ်ဦး မြန်မာနိုင်ငံစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် (ဗဟို) အဆင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမ ဆုရ တစ်ဦးနှင့်တက္ကသိုလ်ကောလိပ်အဆင့် စာစီစာကုံးပြိုင်ပွဲ ဒုတိယဆုရတစ်ဦး သုဓမ္မ သိဂ်ီဘွဲ့ရ တစ်ဦးသွေးလှူဒါန်းမှုအကြိမ်အများဆုံး တစ်ဦး ဆီးဂိမ်း ပြိုင်ပွဲ ပိုက်ကျော်ခြင်း ၊ ဂျူဒို ၊ကနူးကယက် ၊စစ်တုရင် ၊အပြည်ပြည်ဆိုင်ရာလှေ ၊အလေးမ ၊ရေကူး ၊တိုင်းအဆင့်စာစီစာကုံးပြိုင်ပွဲ ဆုရသူ ၁၄ဦး တိုင်းအဆင့်ကဗျာပြိုင်ပွဲ ဆုရ ၉ ဦးတို့အား ဆုအသီးသီးချီးမြှင့်ခဲ့ပါသည်။ ဆုပေးပွဲများနှင့်အတူ ပုသိမ်တက္ကသိုလ် ကျောင်းသူလေးများ၏ ပြည်ထောင်စုအလှ သီချင်း ပညာရေးကောလိပ် ကျောင်းသူလေးများ၏ ပုခက်လွဲသောလက်များ သီချင်း များဖြင့် သီဆို ဂုဏ်ပြု ကပြ ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးအမျိုးသမီးရောရာအဖွဲ့၏ တိုင်းအတွင်းလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများအား ဗီဒီယိုစလိုက်ဖြင့်ပြသ ခဲ့ပြီး ပုသိမ်တက္ကသိုလ် ကျောင်းသူလေးများမှ စွမ်းဆောင်ရှင်အလှ က္ကတ္ထိယဖြင့်ကပြ ဖျော်ဖြေတင်ဆက်ခဲ့ပြီး အခမ်းအနားကို ၁၁း၁၅ အချိန်တွင် ပြီးဆုံးခဲ့ပါသည်။ အခမ်းအနားအပြီး နာယကနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် ခန်းမအတွင်းပြသထားသည့် လှူပ်ရှားမှုဓါတ်ပုံများအား ကြည့်ရှု့ခဲ့ကြောင်း သိရှိရပါသည်။ ယနေ့အခမ်းအနားသို့ တိုင်းဒေသကြီး အမျိုးသမီးရေး ရာ ဥက္ကဌ ဒေါ်သက်သက်ဆွေနှင့် အဖွဲ့ဝင်များ လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းရှင်များ၊ အလှူရှင်များ ၊မိခင်နှင့်ကလေး အဖွဲ့ဝင်များ တိုင်း/ခရိုင်/ မြို့နယ် အဆင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ၊ဌာနဆိုင်ရာအကြီးအကဲများ ၊စုစုပေါင်း ၆၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ဝါတွင်းဆွမ်းဦး လောင်းလှူပွဲ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် သီရိပျံချီဦးသိန်းအောင် ကြီးမှူး၍ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၂၁၀) ကျောင်းတွင် ၀ါဆိုဝါကပ်တော်မူကြသည့် သံဃာတော် (၂၉၆၈) ပါး အား ၁၃.၇.၂၀၁၄ ရက်နေ့ နံနက် အာရုဏ်တွင် ပုသိမ်မြို့ အမှတ် (၄) ရပ်ကွက် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့ဘက်မုခ် ၀ိသာခါ တန်ဆောင်းတော်ကြီးတွင် အာရုဏ်ဆွမ်း ဆက်ကပ်လောင်းလှူ ခဲ့ရာ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်စိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊မြို့မိမြို့ဖများ ဌာန ဆိုင်ရာအကြီးအကဲများ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပုသိမ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးထွန်းဝေနှင့်အဖွဲ့ဝင်များ စုစုပေါင်း (၁၀၀) ခန့် တက်ရောက်ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ၀ါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ရေစက်ချအစီအစဉ်အား ဓမ္မာရုံအတွင်း၌ ပြုလုပ်ခဲ့ရာ ကုန်းသာကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူကြပြီး သံဃာတော်များမှ မေတ္တာသုတ် ရွတ်ပွားခဲ့ပါသည်။ ထို့နောက် ၀န်ကြီးချုပ်နှင့်ဝန်ကြီးများ ၊လွှတ်တော်ဥက္ကဌ တို့သည် ၀ါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္တူပစ္စည်း များကို ဆရာတော်ကြီးများထံ ကပ်လှူခဲ့ပါသည်။ ဆက်လက်၍ မရမ်းချိုကျောင်းတိုက်ဆရာတော်ထံမှ ရေစက်ချတရားနာယူခဲ့ပြီး လှူဒါန်းမှု အစုစုကို ရေစက်သွန်းချအမျှ သုံးကြိမ်ပေးဝေကာ ပရိတ်သတ်များမှ သာဓုအနုမောဒနာ ခေါ်ဆိုခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရ၏ လှူဒါန်းမှုအား ဂုဏ်ပြုမှတ်တမ်းလွှာကို မြို့နယ်လုံးဆိုင်ရာ သံဃာအကျိုးတော်ဆောင်အဖွဲ့ဥက္ကဌ ဦးထွန်းဝေ မှ ၀န်ကြီးချုပ်သို့ ပေးအပ်ခဲ့ပြီး ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားပြီးဆုံးခဲ့ပါသည်။ အခမ်းအနားသို့ ကြွရောက်လာသည့် သံဃာတော်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး လူပရိတ်သတ်များအားလည်း ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရပါသည်။. အဆိုပါအလှူပွဲတွင် ပုသိမ်မြို့ အမှတ် (၂) ရပ်ကွက်မှ သမ္မတလူငယ် နှင့် အမှတ် (၉) ရပ်ကွက်မှ စေတနာစွမ်းအား လူငယ်အဖွဲ့ (၄၀) ဦးသည် လုပ်အားဒါနအဖြစ် ပါဝင်ကုသိုလ်ယူခဲ့ကြောင်း သိရှိရပါသည်။
လူတစ်ယောက်ကို တကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက် (၁၃) ချက် ========================================့ 
(၁) မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ သူ့မျက်နှာလေးကို
အရင်ဦးဆုံး မြင်ယောင်တတ်ယ် ၊၊
(၂) ဖုန်း ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမမ်းကတမ်း ဖွင့်ကြည့်တတ်တယ် ၊၊ (သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ၀မ်းနဲသွားတယ် )
(၃) သူနဲ့စိတ်ဆိုးစိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့
မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်တယ် ၊၊
(၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြံကြုံ ဘယ်လို အခက်အခဲတွေပဲ
ရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့အများ
တော့ စိတ်သက်သာရာ ရသွားတတ်တယ် ၊၊
(၅) တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း (သူနဲ့အတူတူသွားခဲ့ဖူးတဲ့နေရာရေ
(၆) သူ့ဆီက ဖုန်း ၊ မက်ဆေ့ တစ်ခုခု လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်တယ် ၊၊
(၇) သူ့ကို ဖုန်းဆက်လို့ သူ့ဘက်က ဖုန်းချလိုက်တဲ့ အခါမျိုး၊ မအားသေးတဲ့
အခါမျိုး ၊ စက်ပိတ်ထားတဲ့ အခါမျိုးမှာဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက်
သလို ထိုင်မရ ထမရ ဖြစ်နေတတ်တယ် ၊၊
(၈) သူနဲ့ မတွေ့ရလို့ သူ့ကိုလွမ်းတဲ့အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်း
တွေကို ပြန်ဖတ်ပြီး အရူးတစ်ယောက်လို ရယ်ခဲ့ ပြုံးခဲ့ဖူးတယ် ၊၊
(၉) သူ့မျက်နှာ ညှိုးနေတာကို မမြင်ချင်ဘူး ၊ သူအချိန်တိုင်း ပျော်ရွှင်နေတာ
ကိုပဲ မြင်ချင်တယ် ၊၊
(၁၀) သူ့ဘက်ကအမှားတစ်ခု လုပ်မိလို့ ကိုယ့်ဘက်က စိတ်ဆိုးသွားတဲ့
အခါမျိုးမှာ သူကတောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလိုညွတ်
သွားတယ် ၊ ကြာကြာစိတ်မဆိုးနိုင်ဘူး ၊။
(၁၁) သူက တစ်ခြားသူတွေအပေါ်မှာ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီးနဲ့
ဆက်ဆံတာ မြင်ရင် သူ့ကို သ၀န်တိုလာတယ် ၊၊
(၁၂) ညဘက်ရောက်လို့ သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို့
ဘူးဆိုရင် အိပ်မပျော်တဲ့အထိ ဖြစ်လာတယ် ၊၊
(၁၃) အခု ဒီစာကို ဖတ်နေတဲ့ အချိန်မှာ သင်သူ့အကြောင်းကို တွေးနေတယ်၊၊
* အဲဒါဆိုရင်တော့ သေချာပြီ ၊ သင့် သူ့ကို မြတ်မြတ်နိုးနိုးနဲ့ တကယ်ချစ်မိ
သွားပြီ *
===========================
Credit to ဘယ်လိုပြောရမလဲ ဗဲရီးဂွတ်ပေါ့
---
သဘာဝဘေးလျော့ပါးရေးကဏ္ဍတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့အမှတ် (၄) ရပ်ကွက်မင်းကြီးလမ်းနှင့် အောင်ရတနာလမ်းထောင့်ရှိ ဂရုဏာ စင်တာတွင် လူထု အခြေပြု သဘာဝဘေးလျော့ပါးရေးကဏ္ဍတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား Actionaid မှ ကြီးမှူး၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူ တက်ရောက်၍ အဖွင့်အမှာစ
ကားပြောကြားခဲ့ပါသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူးမှ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် အားပေးစကားများပြောကြားခဲ့ပါသည်။ ထို့နောက် မြောင်းမြမြို့မှ Actionaid အဖွဲ့ဝင် တစ်ဦးမှ ပုသိမ်မြောင်းမြအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျှက်၇ှိသော ရေရှည်ဒေသဖွံ့ဖြိုးရေးစီမံချက်အကြောင်းအရင်းများကို ရှင်းလင်းတင်ပြ ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုရေးဝန်ကြီးနှင့်အတူ တိုင်းအဆင့်အကြီးအကဲများ ၊ပုသိမ် ၊ငပုတော ၊မြောင်းမြ မြို့နယ်များမှ အမျိုးသမီး ကိုယ်စားလှယ်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲကို ၁၆.၇.၂၀၁၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Subscribe to:
Posts (Atom)