Translate

Tuesday, August 27, 2013

လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းနှင့် အလုပ်သမား အဖွဲ့အစည်း ဥပဒေ မိတ်ဖက်ဖွံ့ဖြိုးခြင်းအလုပ်ရုံဆွေးနွေးပွဲ



လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခြင်းနှင့် အလုပ်သမား အဖွဲ့အစည်း ဥပဒေ မိတ်ဖက်ဖွံ့ဖြိုးခြင်းအလုပ်ရုံဆွေးနွေးပွဲ
(Awareness Raising Workshop ) အား ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၃) ရပ်ကွက်ရှိ ပုသိမ်ဟိုတယ်ခန်းမ တွင် ယနေ့ ၂၇.၈.၂၀၁၃ နံနက် (၉း၀၀) အချိန်ကျင်းပပြုလုပ်ခဲ့ရာ ILO အကြံပေးအရာရှိချုပ် Patrick Quinn မှ နှုတ်ခွန်း ဆက်စကားနှင့်ဆွေးနွေးပွဲ၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာ နမှ ဦးစောနိုင် ၊ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) မှ မြန်မာနိုင်ငံတွင်ဖွဲ့စည်းပြီးသောအလုပ်သမားအဖွဲ့အစည်းပေါင်း (၆၂၂) ဖွဲ့ရှိပြီးဖြစ်ကြောင်း ၊ ဖွဲ့စည်းပြီးသည့်အဖွဲ့အစည်းများအပေါ်နိုင်ငံရေးအမြတ်မထုတ်ကြရန် လုပ်ငန်းခွင်တွင်အလုပ်ရှင်နှင့် အလုပ်သမားများ ၏လိုအပ်ချက်များကို စားပွဲဝိုင်းပေါ်တွင် ညှိနှိုင်းဆွေးနွေးအဖြေရှာကြရန် သို့မှသာနှစ်ဖက်အဆင်ပြေမှုရှိပြီး ထိုမှတစ်ဆင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အနှောက်အယှက်ဖြစ်လာနိုင်စရာ အကြောင်းမရှိပါကြောင်း (၂၀၁၁) ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်(၂၀၁၂) ခုနှစ်အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးဥပဒေ /နည်းဥပဒေများ ကိုရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြာသောသူများမှ မေးမြန်းချက်ကို ဦးစောနိုင်မှ ပြန်လည် ဖြေကြားခဲ့ပါသည်။ ယနေ့ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထွန်းမင်း နှင့်ပုသိမ်မြို့ပေါ်ရှိ NGO များ ၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်အေးမွန်စော နှင့်ဦးစီးအရာရှိ များ ၊လုပ်ငန်းရှင်များ စုစုပေါင်း (၁၀၁) ဦးတက်ရောက်ခဲ့ပြီး (၁၂း၃၀) အချိန်တွင်အခမ်းအနားပြီးဆုံးခဲ့ကြောင်းသတင်း ရရှိပါသည်။

Wednesday, August 21, 2013

ပုသိမ်မြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ သြ၀ါဒခံယူပွဲနှင့် လူပညာ

အမျိုးဘာသာသနာထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်လုံးဆိုင်ရာ
ဂိုဏ်းပေါင်းစုံ သြ၀ါဒခံယူပွဲနှင့် လူပညာရှင်များအပါအ၀င် တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲအခမ်းအနား တစ်ရပ်ကို ၁၉.၈.၂၀၁၃ ရက်နေ့ မွန်းလွဲ (၁း၀၀) အချိန်တွင် ပုသိမ်မြို့ ရွှေမုဋ္ဌောဘုရား အရှေ့ဘက်မုခ် ၊၀ိသာခါ (ဒေါ်လှယဉ်) ဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ သာသနာ့ဥသျှောင် ဂိုဏ်းကြီးများမှ ဆရာတော်ကြီးများ အမှူးပြုသောမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံဆရာတော်အရှင်မြတ်များနှင့် လူပညာရှင်များ ၊ ဖိတ်ကြားထားသောအသင်းအဖွဲ့ အသီးသီးမှ ပုဂ္ဂျိလ်များ စုစုပေါင်းအင်အား (၄၀၀) ခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားကို အစီအစဉ် (၁၀)
ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ညနေ (၅း၀၀) အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။